မတ်လ ပထမပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

    မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၇) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီစတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၈၂၅) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၉၄၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၃၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၇၅) ကျပ်ဖြင့် ရောင်းချရှိကြောင်း သိရှိရပါသည်။

    ယခု မတ်လပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၇၇၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၈၉၀)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၅၅၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၅၉၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်ဖေဖော်ဝါရီလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၅၅) ကျပ်၊ ဓါတ်ဆီ(95) တစ်လီတာလျှင် (၅၀) ကျပ်၊ ဈေးနှုန်းမြှင့်တက်လျက်ရှိကြောင်း၊ ဒီဇယ် (ရိုးရိုး)တစ်လီတာလျှင် (၈၀) ကျပ် ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၈၅) ကျပ်ဈေးနှုန်းဖြင့် အသီးသီးကျဆင်းလျက်ရှိကြောင်း စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)