ကန့်ဘလူခရိုင်အတွင်းရှိ စပါး၊ဆန်ဈေးနှုန်းများ

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၃၇၀၀၀၀၀ ၊ ဧရာမင်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၂၇၅၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၅၀၀၀ ၊ ဧရာမင်းဆန်၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ  ယခင်အပတ်နှင့်နှိုင်းယှဉ် လျှင် စပါးဆန်းဈေးနှုန်းများမှာ တည်ငြိမ်နေပြီး  အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးသို့ ဆန်အိတ်ရေ ၅၀၀အိတ်နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ အိတ်ရေ ၂၀၀၀ စုစုပေါင်း ၂၅၀၀ အိတ် တန်အားဖြင့် ၁၂၅ တန် စီးထွက်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)