ကန့်ဘလူမြို့၏ မတ်လ ပထမပတ်တွင် ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၄ခုနှစ်၊ မတ်လပထမပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀) လုံးပါ(၁)ကဒ်လျှင် (၁၇၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၃၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၂၄၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၂၅၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၃၅၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၃၆၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁)ကဒ်လျှင် (၁၆၀၀) ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၁၅၀၀)ကျပ်၊ Becozin (၁၀)လုံးပါ (၁)ကဒ်လျှင် (၄၅၀၀) ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၅၉၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၁၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

       အိမ်သုံးဆေးဝါးဈေးနှုန်းများအား ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက Decolgen (၁၀) လုံးပါ(၁)ကဒ်လျှင် (၂၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၈၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၅၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၀၀)ကျပ်၊Oramin –G (၅)လုံးပါ (၁)ကဒ်လျှင် (၄၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁)ကဒ်လျှင် (၁၀၀) ကျပ်၊ Solmux (၄)လုံးပါ (၁)ကဒ်လျှင် (၂၀၀)ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၆၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး ကျန်အိမ်သုံးဆေးဝါး ဈေးနှုန်းများမှာ  တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်း ရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)