မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံ ကြက်သွန်နီအရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးစျေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုး ဖြစ်သည့် ကြက်သွန်နီစျေးနှုန်းများ ကျဆင်းလာပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ် (၂၆၀၀-၂၇၀၀-၂၈၀၀)ဖြစ်ပြီး မတ်လ (ပထမပတ်)တွင်  ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ်(၁၆၀၀-၂၂၀၀-၂၄၀၀)ဖြစ်၍ ကျပ်(၁၀၀၀-၅၀၀-၄၀၀)စျေးနှုန်း ကျဆင်းလာကြောင်း၊ ပွင့်ဖြူ၊ စည်တော်၊ မဲဇလီတို့မှဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှ တစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန်(၁၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

    ရေနံချောင်းစျေးကွက်တွင်လည်း ဒေသထွက်ကုန်ဖြစ်သော ကြက်သွန်နီစျေးနှုန်းများမှာ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၁၈၀၀-၂၅၀၀-၂၈၀၀)ဖြစ်ပြီး မတ်လ(ပထမပတ်)တွင် ကြက်သွန်နီ (၁)ပိဿာလျှင် ကျပ် (၁၆၀၀-၂၂၀၀-၂၄၀၀)ဖြစ်၍ ကျပ်(၂၀၀-၃၀၀-၄၀၀) စျေးနှုန်းများကျဆင်းလာကြောင်း၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ တောင်တွင်းကြီးမြို့များမှ ဝယ်ယူကြောင်း၊ ပွဲရုံမှတဆင့် ရန်ကုန်၊ ပြည်၊ အောင်လံမြို့သို့ တင်ပို့ရောင်းချပြီး တစ်နေ့လျှင် ပိဿာချိန် (၁၀၀၀၀)ခန့်၊ တစ်ပတ်လျှင် တန်ချိန်(၉၇)တန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရပါသည်။

DOCA(မကွေး)