ရာသီစာ ပြည်ပုတက်စာဈေးကွက်

Powered by Drupal

      ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်အတွင်း ဟင်းချိုချက်၍ စားသောက်ရသည့် ပုတက်စာများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ၎င်းတို့မှာ ရန်ကုန်မြို့မှ ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ပုတက်စာများပေါများချိန် နွေရာသီတွင် ရွှေတောင်ဘက်မှ ဝင်ရောက်မှုများရှိပြီး ယခုအချိန်တွင် ဝင်ရောက်မှုမရှိဘဲ ရန်ကုန်ဘက်မှတစ်ဆင့် ပြောင်းပြန်စီးဝင်လျက်ရှိကြောင်းသိရှိရပါသည်။ ရာသီစာအဖြစ် ဟင်းချိုချက်ပြုတ်စားသောက်ရသည့် ပုတက်စာကို ရန်ကုန်ဘက်မှ ပြည်ဈေးကွက်အတွင်း ရက်ခြား အစည်း(၁၀၀)ခန့်ဝင်ရောက်မှုရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ဈေးနှုန်းမှာ ပုတက်စာ(၂)ပင်ပါတစ်စည်းလျှင် ကျပ်၂၅၀ခန့်ရှိပြီး တစ်ခါချက်လျှင် (၃)စည်းခန့်ချက်ပြုတ်ရ၍ ဘူးသီး၊ ပုစွန်ခြောက်တို့နှင့်ရောကာ ချက်ပြုတ်၍ စားသောက်ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)