ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန် အခြေအနေများကို အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်းလျက်ရှိပါသည်။ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၄) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ မြစ်သား၊ တောင်တွင်းဒေသတို့မှ ကြက်သွန်နီ (၁၁၁၆၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့်ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၄၄၆၄၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြစ်သားကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၂၇၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၃၅၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၄၀၀၊ ရှယ်မှာ ကျပ်၃၈၀၀၊ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၉၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၈၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ တောင်တွင်းကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၉၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ် ၂၈၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၁၀၀၊ မြင်းခြံကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၈၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၆၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၈၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၂၉၀၀၊ မုံရွာကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၉၀၀၊ အသန့်တစ်ပိဿာလျှင် ကျပ်၂၇၀၀၊ အကြီးတစ်ပိဿာလျှင် ကျပ်၂၉၀၀၊ ရှယ်တစ်ပိဿာလျှင် ကျပ်၃၀၀၀ စသည်ဖြင့် ဈေးနှုန်းသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)