“ပဲချဉ်ပေါင်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေ ရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းခါနီးချိန်တွင် လယ်မြေများ၌ စတင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင်ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် (၁)ဧကလျှင်(၁)တင်းခန့် ကုန်ကျကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၅၆၀၀၀/-)ကျပ်စျေးနှုန်းပေးရကြောင်း၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ရိတ်သိမ်းနေပြီ ဖြစ်ကြောင်း၊ ယခင်နှစ်တွင် (၁)ဧက အထွက်နှုန်းအနေဖြင့် ပဲချဉ်ပေါင်စေ့ (၈)တင်းခန့် ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ပဲချဉ်ပေါင်စေ့(၈-၉)တင်း ဝန်းကျင်ခန့်ထွက်ရှိကြောင်း၊ယခင်နှစ်တွင် ပဲချဉ်ပေါင်စျေးနှုန်းအနေဖြင့် ပဲချဉ်ပေါင်စေ့တစ်တင်းလျှင်(၄၅၀၀၀-၅၀၀၀၀) ကျပ်စျေးနှုန်းများရှိခဲ့ပြီး ယခုလက်ရှိ ပေါက်စျေးအနေဖြင့် ပဲချဉ်ပေါင်စေ့ တစ်တင်းလျှင် (၄၂၀၀၀- ၄၅၀၀၀)ကျပ်စျေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ၊ ပဲချဉ်ပေါင်စေ့ကို ကြိတ်ခွဲပြီး ရရှိလာသော ပဲချဉ်ပေါင်ဆံကို ချက်ပြုတ်၍သော်လည်းကောင်း ၊ ကြော်၍သော်လည်းကောင်း စားသုံးကြပါသည် ။ စျေးကွက် အတွင်း၌ ပဲချဉ်ပေါင်ဆံ တစ်ပြည်လျှင်(၄၀၀၀/-)ကျပ် စျေးနှုန်းများ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု ၊ ရိတ်သိမ်း ၊ ချွေလှေ့ ၊ အလုပ်သမားခအပါအဝင် စုစုပေါင်း(၁၀၀၀၀၀/-)ကျပ်ဝန်းကျင် ကုန်ကျကြောင်း ၊ (၁)ဧကအကျိုးအမြတ်အနေဖြင့်(၂၃၆၀၀၀/-)ကျပ်ဝန်းကျင်ရရှိခဲ့ကြောင်း ၊ ပဲချဉ်ပေါင် စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)