၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယပတ်၌ ကျွန်းလှမြို့တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်းအခြေအနေ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင်(၃)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ မတ်လပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၄၀)၊ ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၃၁၇၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၇၈၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၈၂၅)ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ်၊ မတ်လ ဒုတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၃၀၀၀)၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၃၁၂၅)၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် ကျပ်(၂၇၂၀)၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၂၇၇၅)ဖြင့် ရောင်းချသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် ကျပ်(၄၀) ဓါတ်ဆီ(95) တစ်လီတာလျှင် ကျပ်(၅၀) ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင်ကျပ်(၆၀) ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၅၀) ယခင်အပတ်ထက် စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယအပတ်နှင့် မတ်လ ဒုတိယအပတ်တို့ နှိုင်းယှဉ်ကြည့် မည်ဆိုပါက ဓါတ်ဆီ(92)အမျိုးအစား စက်သုံးဆီဈေးနှုန်းတူညီလျက်ရှိပြီး၊ ဓါတ်ဆီ(95)တစ်လီတာလျှင် ကျပ်(၁၅) ၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင်ကျပ်(၁၀၅) ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် ကျပ်(၁၀၅)၊ ယခင် ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် ယခုမတ်လဒုတိယပတ် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ဖေဖော်ဝါရီလ ဒုတိယအပတ်ထက် စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းလျက်ရှိကြောင်း ကျွန်းလှမြို့ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)