ကန့်ဘလူမြို့ မတ်လ ဒုတိယပတ်တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

   ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

    ၂၀၂၄ခုနှစ်၊ မတ်လ ဒုတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ ပန်းသီး(အိတ်စွပ်) အကြီး(၁)လုံးလျှင် (၂၅၀၀) ကျပ်၊ စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၂၀၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၂၀၀၀)ကျပ်၊ ဖရဲသီးအကြီး (၁)လုံးလျှင်(၆၀၀၀)ကျပ်၊ မက်မန်းသီး(၁)ပိဿာ လျှင် (၄၅၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ပဲစိမ်းစားဥ (၁)တွဲလျှင် (၂၅၀၀)ကျပ်၊ ရှောက်ပန်းသီး(၁)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ် နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက် ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၅၀၀)ကျပ်၊ ဖရဲသီးအကြီး (၁) လုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းကျဆင်းပြီး  ကျန်သစ်သီးဈေးနှုန်းများမှာ  ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)