ကံမမြို့နယ် နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် တောင်ချောင်းဘက်ရှိ ကျေးရွာများမှာ မ‌ဒေးဆည်လှောင်တမံမှ ရရှိသောဆည်ရေဖြင့် နွေစပါး၊ မိုးစပါး၊ အခြားရာသီသီးနှံမျိုးစုံများကို စိုက်ပျိုးကြရာ နွေစပါးကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် လျာထားဧက (၁၇၂၇)ဧကဖြင့် ကျေးရွာအုပ်စု (၁၃)အုပ်စု စိုက်ပျိုးမည်ဖြစ်ကြောင်း၊ နွေစပါးများကို မနောသုခ၊ မှော်ဘီ-၂နှင့် စပါးမျိုးများကို ယခင်နှစ်များက စိုက်ပျိုးကြပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းသည့် ဆာဖိုးသာစပါးမျိုးကိုသာ အဓိကထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ (၂၉.၂.၂၀၂၄)ရက်နေ့အထိ နွေစပါးစိုက်ပျိုးပြီးစီးမှုဧက (၆၁၂)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။

    နွေစပါးများကို ကျေးရွာအုပ်စု (၁၃)အုပ်စုဖြင့် စိုက်ပျိုးရန်လျာထားချက်အနက် ပွတ်စုကျေးရွာ တွင်နွေစပါး(၁၅၁)ဧက၊ စီရွာကျေးရွာတွင် (၁၁၁)ဧက၊ ပျဉ်ထောင်ကျေးရွာတွင် (၁၀)ဧက၊ အလယ်ကျေးရွာတွင်(၃၂)ဧက၊ ကျောက်မဲကျေးရွာတွင်(၃၃)ဧက၊ ထန်းကောက်ကျေးရွာတွင် (၁၂၈)ဧက၊ ကဒူးပြင်ကျေးရွာတွင်(၇)ဧက၊ စပယ်ခြုံကျေးရွာတွင်(၂၀)ဧက၊ ငမဲကျေးရွာတွင်(၅၀)ဧက၊ ဇီးတော ကျေးရွာတွင် (၇)ဧက၊ ကညင်းတိုင်းကျေးရွာတွင်(၄၇)ဧက၊ ကြို့ပင်ကျေးရွာတွင် (၁၆)ဧက စုစုပေါင်း (၆၁၂)ဧကအား (၂၉.၂.၂၀၂၄)ရက်နေ့အထိအောင်မြင်စွာ စိုက်ပျိုးပြီးဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့်ဧကများကို လျာထားချက်ပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA(မကွေး)