တောင်တွင်းကြီးကုန်စည်ဒိုင်တွင် မတ်ပဲစျေးကွက်မြင့်တက်လာ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် မတ်ပဲစိုက်ဧက (၅၃၁၁)ဧကစိုက်ပျိုးကြောင်းသိရှိရပါသည်။ တောင်တွင်းကြီးမြို့နယ်၊ သဖန်းကုန်းကျေးရွာ၊ ပျဉ်းမ ကျေးရွာ၊ ချောင်းနက်ကျေးရွာ၊ အင်းကုန်းကျေးရွာတို့တွင် မတ်ပဲများစိုက်ပျိုးလျက်ရှိပြီး မြို့ပေါ်ရှိ ကုန်စည်ဒိုင်နှင့် ပွဲစားကုန်သည်ထံသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     တောင်တွင်းကြီးမြို့၊ ကုန်စည်ဒိုင်တွင် ယခင်နှစ်ထက် ယခုနှစ်တွင် မတ်ပဲစိုက်တောင်သူများ တစ်စပို၍ စျေးကောင်းပိုမိုရရှိပါသည်။ ၂၀၂၃ခုနှစ်၊ မတ်လ(ပထမပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ် (၅၉၀၀၀)ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ မတ်လ(ပထမပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၂၅၀၀)ဖြစ်၍ ကာလတူနှစ်(၂)နှစ်ကိုနှိုင်းယှဉ်ပါက ယခုနှစ် မတ်လ(ပထမပတ်)တွင် မတ်ပဲ(၁)တင်းလျှင် ကျပ် (၃၃၅၀၀)စျေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်ပြီး မတ်ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)