ပခုက္ကူကုန်စညိဒိုင်၌ မတ်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များမှာ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊ တောင်သာနယ်၊ ညောင်ဦးမှ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

       ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၇၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ ပုလဲကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၆၅၀)၊  အလတ်စတစ်ပိဿာလျှင် ကျပ် (၂၅၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ( ၂၄၀၀) ဖြင့် နေ့စဉ်ကုန်ချိန် (၅၀၀၀၀မှ ၁၀၀၀၀၀) ပိဿာကျော်အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

      ကြက်သွန်ဖြူ(ဗမာ)ဒိုင်ပြတ်လက်ကားဈေးမှာ အရည်အသွေးပေါ်မူတည်၍ ထိပ်စတစ်ပိဿာလျှင် ကျပ် (၁၁၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် (၉၈၀၀) ဖြစ်ပြီး ကြက်သွန်ဖြူ (ရှမ်းစ) ထိပ်စတစ်ပိဿာလျှင် ကျပ် (၁၁၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၉၀၀၀) ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

DOCA(မကွေး)