ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရှေ့အလယ်ပိုင်းရှိ အကြီးဆုံး နိုင်ငံတကာ အစားအစာနှင့် အဖျော်ယမကာ ကုန်စည်ပြပွဲဖြစ်သည့် Gulfood 2024 ပြပွဲ၌ ထိုင်းဆန်အရောင်းမြှင့်တင်သည့်ပွဲကို စီစဉ်ကျင်းပခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံး၏ ပြော ရေးဆိုခွင့်ရှိသူ Chai Watcharong က မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါပွဲတွင် ထိုင်းဆန်၏ အရသာ၊ အရည်အသွေးတို့နှင့်ပတ်သက်၍ ဆန်တင်သွင်းသူ များနှင့် ဖြန့်ဖြူးသူများ၏ အကြီးအကျယ် စိတ်ဝင်စားမှုရရှိခဲ့ပြီး ချီးကျူးထောပနာပြုမှုများကို ရရှိခဲ့ ကြောင်း Chai Watcharong မှ ဆက်လက်ပြောကြားခဲ့သည်။ အဆိုပါအောင်မြင်သော ထိုင်းဆန် အရောင်းမြှင့်တင်မှုသည် ယင်းဒေသရှိ ထိုင်းဆန်ဈေးကွက်ကို ဆက်လက်ထိန်းထားရန်နှင့် ချဲ့ထွင် ရန် အဓိကသော့ချက်ဖြစ်ကြောင်း သိရှိရသည်။
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ဒူဘိုင်းမြို့၌ ကျင်းပခဲ့သည့် ကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံပြခန်း၌ ထိုင်းဆန်ကုန်သည် ၂၄ ဦးတို့မှ အရောင်းမြှင့်တင်ရေးပွဲများ၌ ပါဝင်ခဲ့ပြီး ထိုင်းဟုန်မာလီဆန် (Thai Hom Mali) အသိအမှတ်ပြု အမှတ်တံဆိပ်ပါဝင်သော ထိုင်းဆန် မျိုးကွဲ မျိုးစုံကို ခင်းကျင်းပြသခဲ့သည်။
အဆိုပါပြပွဲတွင် ထိုင်းနိုင်ငံမှ ဝင်ရောက်ပြသနိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနမှ စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ ထိုင်းကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဆန်နမူနာများကို အရသာမြည်းစမ်းကြည့်ခဲ့ကြသော တင်သွင်း သူများ၊ ဖြန့်ဖြူးသူများနှင့် ပွဲတက်ရောက်သူဧည့်သည် ၁၀၀၀ ကျော်ထံမှ အပြုသဘောဆောင် သော အကြံပြုချက်များကို ရရှိခဲ့ကြောင်း သိရှိရသည်။
အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှ၊ အာဖရိကနှင့် ဥရောပတို့မှ တက်ရောက်လာကြ သည့် ဧည့်သည်များသည် အထူးသဖြင့် ထိုင်းဆန်၏ ဝိသေသလက္ခဏာများ၊ အရည်အသွေး စံချိန် စံညွှန်းများနှင့် ဈေးနှုန်းများကို စိတ်ဝင်စားခဲ့ကြောင်း၊ ထိုင်းဆန်၏ အရသာ၊ အရည်အသွေးနှင့် စံချိန်စံညွှန်းများနှင့် စပ်လျဉ်း၍ သီးခြားအတည်ပြုချက် ရရှိခဲ့ကြောင်း သိရှိရသည်။
ပြည်ပနိုင်ငံများတွင် စျေးကွက်သစ်များချဲ့ထွင်ပြီး လက်ရှိဈေးကွက်များကို ထိန်းသိမ်း ထားရန် မူဝါဒဖြင့် ထိုင်းအစိုးရသည် ပို့ကုန်နှင့် ဝန်ဆောင်မှုများကို မြှင့်တင်ရန် မဟာဗျူဟာကို ချ မှတ်ထားကြောင်း Chai Watcharong က ဆက်လက်ပြောကြားထားသည်။ အဆိုပါ မဟာဗျူဟာ သည် ယခုနှစ်အတွင်း ပြည်တွင်း၌သာမက နိုင်ငံတကာတွင်ပါ ကျင်းပခဲ့သည့် ပွဲပေါင်း ၃၀၀ ကျော် မှတစ်ဆင့် ထိုင်းနိုင်ငံ၏ အသေးစားနှင့်အငယ်စားလုပ်ငန်းများ၏ ပို့ကုန်များအား တိုးမြှင့်မှုအပေါ် အာရုံစိုက်ပြီး ထိုင်းထုတ်ကုန်အားလုံးအတွက် အခွင့်အလမ်းများ ဖန်တီးပေးကြောင်း ဝန်ကြီးဌာန ၏ ပြောကြားချက်အရ သိရှိရသည်။ ထို့အပြင် ထိုင်းနိုင်ငံ၏ ပို့ကုန်များ ကမ္ဘာ့ဈေးကွက်သို့ မြှင့် တင်နိုင်ရေးအတွက် ပြည်နယ်ကူးသန်းရောင်းဝယ်ရေးရုံးများနှင့် စီးပွားရေးသံမှူးများအကြား ချိတ် ဆက်၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
ထိုင်းကုန်ပစ္စည်းများအတွက် အခွင့်အလမ်းများ ဖန်တီးပေးပြီး အလားအလာရှိသော စျေးကွက်သစ်များကို ဖွင့်လှစ်ပေးခဲ့သည့် ထိုင်းနိုင်ငံ၏ ထုတ်ကုန်များအား နိုင်ငံတကာတွင် အောင် မြင်စွာ မြှင့်တင်နိုင်ခဲ့သည့် သက်ဆိုင်ရာ အေဂျင်စီများ၏ တက်ကြွသော အားထုတ်မှုများကို ထိုင်း ဝန်ကြီးချုပ်မှ ချီးကျူးပြောဆိုခဲ့ကြောင်း၊ အစိုးရအနေဖြင့် ပို့ကုန်မြှင့်တင်ရေးအား တစ်နှစ်ပတ်လုံး ဖော်ဆောင်ရန် လိုလားကြောင်း၊ ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံခြားဈေးကွက်ရှိ ထိုင်းထုတ်ကုန်များ၏ အရည်အသွေးနှင့် နာမည်ကောင်းတို့အပေါ် ယုံကြည်မှုရှိကြောင်း၊ ထိုင်းပို့ကုန်တန်ဖိုး တိုးမြှင့်ရာတွင် အစိုးရ၏ပံ့ပိုးကူညီမှုသည် အရေးပါသောအချက်ဖြစ်ကြောင်း၊ လက်ရှိစျေးကွက်များကို ထိန်း သိမ်းရုံသာမက ဖောက်သည်သစ်များထံ ဈေးကွက်ချဲ့ထွင်ခြင်းဖြင့် တိုင်းပြည်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်ဖန်တီးပေးခြင်းနှင့် ထိုင်းပြည်သူများအတွက် ဝင်ငွေများ ပံ့ပိုးပေးခြင်း စသည့် အထောက်အကူများ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း Chai က ပြောကြားခဲ့သည်။
Source: Nation Thailand, March 11, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)