“ဆောင်းနှမ်းများ အောင်မြင်စွာ ရိတ်သိမ်းပြီးစီး”

Powered by Drupal

     ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊မြေပဲ၊နေကြာတို့ကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးလျက်ရှိပါသည်။၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် ဆောင်းနှမ်းစိုက်ဧက ကျောက်ဆည်မြို့နယ်တွင်(၄၃၈၉)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၉၆၃)ဧက ၊ မြစ်သားမြို့နယ်တွင်(၅၀၁၀)ဧက၊စုစုပေါင်း(၁၀၃၆၂)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ဆောင်းနှမ်းများအားလုံး ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ဆောင်းနှမ်း(၁)ဧက ကုန်ကျစရိတ်အနေဖြင့် (၃၀၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့်(၈-၉)တင်းခန့်ထွက်ရှိကြောင်း၊စျေးနှုန်းအနေဖြင့် ‌ဆောင်းနှမ်းစတင်ထွက်ပေါ် ချိန်တွင် နှမ်းဖြူ တစ်တင်းလျှင်(၁၃၃၀၀၀/-)ကျပ်၊နှမ်းညို တစ်တင်းလျှင်(၁၀၃၀၀၀/-)ကျပ်၊နှမ်းနက် ရိုးရိုး တစ်တင်းလျှင်(၈၀၀၀၀/-)ကျပ်၊နှမ်းဆီ တစ်ပိဿာလျှင်(၁၃၀၀၀/-)ကျပ်စျေးတို့ဖြင့် ရောင်းဝယ် ခဲ့ပြီးယခုလက်ရှိပေါက်စျေးအနေဖြင့် နှမ်းဖြူ တစ်တင်းလျှင်(၁၃၅၀၀၀/-)ကျပ်၊နှမ်းညို တစ်တင်းလျှင် (၁၀၀၀၀၀/-)ကျပ်၊ နှမ်းနက်ရိုးရိုး တစ်တင်းလျှင်(၇၅၀၀၀/-)ကျပ်၊နှမ်းဆီ တစ်ပိဿာလျှင်(၁၄၂၀၀/-) ကျပ်စျေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ဆောင်းနှမ်း တစ်ဧက အကျိုးအမြတ်အနေဖြင့် (၇၅၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်း နှမ်းစိုက်ပျိုးသူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)