“နွေစပါးစိုက်ပျိုးရန်အတွက် တောင်သူများ စတင်ပျိုးထောင်နေ”

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး ၊‌ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ ယခုမတ်လဆန်းမှစတင်၍ နွေစပါးစိုက်ပျိုးရန် အတွက်မျိုးများ စတင်ပျိုးထောင်လျက်ရှိပါသည်။အများဆုံးပျိုးထောင်သောမျိုးများမှာ ဧရာပဒေသာမျိုးနှင့် မနောသုခမျိုးများကိုသာ အဓိကထားပျိုးထောင်ကြပါသည်။ ယခင်နှစ်နွေစပါးပျိုးထောင်ချိန် တွင်ပဒေသာတစ်တင်းလျှင်(၁၀၀၀၀)ကျပ်နှင့် မနောသုခတစ်တင်းလျှင် (၇၅၀၀)ကျပ်ဖြင့် ဝယ်ယူ ပျိုးထောင်ခဲ့ရပြီး ယခုနှစ်နွေစပါးပျိုးထောင်ချိန်တွင် ဧရာပဒေသာမျိုး တစ်တင်းလျှင် (၃၃၀၀၀)ကျပ်နှင့် မနောသုခမျိုးတစ်တင်းလျှင် (၂၄၀၀၀)ကျပ် ဈေးများဖြင့် ဝယ်ယူပျိုးထောင်ရကြောင်း ၊ တစ်ဧက စိုက်ပျိုးရန်အတွက် စပါးမျိုး(၂)တင်းပျိုးထောင်ရကြောင်း သိရှိရပါသည်။ ပျိုးထောင်ရန်အတွက် ဆည်‌ရေများ ပေးဝေနေပြီဖြစ်သောကြောင့် မျိုးများ စတင်ပျိုးထောင်လျက်ရှိပါသည်။ ပျိုးထောင်စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၆၅၀၀၀/-)ကျပ်ဝန်ကျင်ကုန်ကျကြောင်း၊ပျိုးထောင်(၇၅)ရက်အကြာတွင် ပျိုးများနှုတ်၍ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီဖြစ်‌ကြောင်း နွေစပါးပျိုးထောင်သောတောင်သူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)