သရက်မြို့ရှိ ပဲကြီး၊ ကုလားပဲဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၏ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော စခန်းကြီး၊ တောင်ဘော၊ မြောက်ဘော၊ ကွမ်းအုံ၊ ရေဘွတ်၊ ဘော်၊ အင်းလယ်၊ မိုးနတ်ကုန်း စသည့်ကျေးရွာများမှထွက်ရှိသော ပဲမျိုးစုံများအနက် ကုလားပဲသီးနှံမှာ ၂၀၂၄ခုနှစ်၊ ဖေဖော်၀ါရီလ (တတိယပတ်)တွင် စတင်ထွက်ပေါ်ကာ မတ်လ(ပထမပတ်)တွင် ဈေးနှုန်းမြင့်တက်လာကြောင်းသိရှိရပါသည်။

     ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (စတုတ္ထပတ်) တွင် ပဲကြီး(၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ် (၁၃၈၀၀၀မှ ၁၄၂၅၀၀)ဈေးနှုန်းဖြင့် တစ်နေ့လျှင် အိတ်ရေ (၁၀မှ ၂၀) အိတ်အတွင်း ဝင်‌ရောက်လျက်ရှိပြီး ယခုမတ်လ(ပထမပတ်)တွင် ကျပ်(၁၄၂၅၀၀မှ ၁၅၀၀၀၀)ဈေးနှုန်းဖြင့် ယခင်အပတ်ထက် ကျပ်(၇၅၀၀) ဈေးအမြင့်ဖြင့် တစ်နေ့လျှင် အိတ်ရေ (၂၀မှ ၃၀)အိတ်ခန့်အရာင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကုလားပဲသီးနှံများလည်းပေါ်ထွက်လျက်ရှိရာ ဖေဖော်ဝါရီလ (စတုတ္ထပတ်)တွင် ကုလားပဲ(၃၀)ပိဿာဝင်တစ်အိတ်လျှင် (၁၂၇၅၀၀)ဈေးနှုန်းဖြင့် တစ်နေ့လျှင် အိတ်ရေ (၇မှ ၁၀) အိတ်အတွင်းဝင်‌ရောက်လျက်ရှိပြီး ယခုမတ်လ(ပထမပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် (၁၃၂၀၀၀)ဈေးနှုန်းဖြင့် ယခင်အပတ်ထက် ကျပ်(၄၅၀၀)ဈေးအမြင့်ဖြင့် တစ်နေ့လျှင် အိတ်ရေ (၁၀မှ ၂၀)အိတ်ခန့်အရာင်းအဝယ်ဖြစ်လျက်ရှိပြီး ပဲခူးတိုင်း၊ ပြည်မြို့သို့ တင်ပို့ရောင်းချရကြောင်း ကုန်သည် ဦးစိုးတင့်ထံမှသိရှိရပါသည်။

DOCA(မကွေး)