ပွက်သားစျေးကျသော်လည်း သကြားစျေးတက်လျက်ရှိ

Powered by Drupal

      မန္တလေးမြို့သို့ နတ်တော်လမှစတင်ကာ ယခုတပေါင်းလအထိ ကြံစိုက်တောင်သူများကိုယ်တိုင် ပွက်သားများကိုချက်၍ သကာရည်များ တင်ပို့ရောင်းချလျက်ရှိပါသည်။ ကသာ၊ ထီးချိုင့်၊ တွင်းငယ်မြို့များ၏ အခေါ်ဝေါ်မှာ ပွက်သား သို့မဟုတ် သကာရည်၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတို့မှ တင့်လှဲရည် ခေါ်ဆိုကြပါတယ်။ မတ္တရာမြို့နယ်၊ပြင်ဦးလွင်၊နောင်ချိုမြို့နယ်တို့မှ ထွက်ရှိသည့်ကြံတို့ကို ငွေရည်ပုလဲ သကြားစက်နှင့် ဝေမာလ်သကြားစက်များသို့ ကြံလက်ရှိပေါက်စျေးဖြင့် ရောင်းချကြပါတယ်။ သကြားတို့ကို သကြားနှင့် သကာရည်ကုန်စည်ဒိုင်အသင်း(မန္တလေး)တို့မှ သတ်မှတ်စျေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ အချို့မှာ သကာရည်ကို လှောင်ထားကြပြီး၊ ရာသီကုန်ချိန်ကျော်လွန်မှ ထုတ်ရောင်းကြပါသည်။ ယခုနှစ် ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ပွက်သားစျေးမှာ ၂၅၀၀ ကျပ်မှ ၂၆၀၀ ကျပ်အထိ၊သကြားစျေးမှာ ၃၇၈၀ ကျပ်နှင့် ၃၈၅၀ ကျပ်အထိရှိပြီး၊  မတ်လဒုတိယပတ် တွင် ပွက်သားစျေးမှာ ၂၁၀၀ ကျပ်မှ ၂၂၀၀ ကျပ်အထိ၊သကြားစျေးမှာ ၄၀၀၀ ကျပ်နှင့် ၄၂၀၀ ကျပ် အထိ ရောင်းဝယ်လျက်ရှိပါတယ်။ မတ်လကဲ့သို့ နွေရာသီတွင် အခြားလများနှင့်မတူဘဲ အချိုရည် လုပ်ငန်းမျိုးစုံတို့မှာ ပိုမိုထုတ်လုပ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ နို့ဆီချက်လုပ်ငန်း၊ ဂျုံဖြင့် ပြုလုပ်သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံလုပ်ငန်းတို့မှာ ပုံမှန်လုပ်ကိုင်ကြောင်း သိရှိရပြီး၊ သယ်ယူ စရိတ်ကြီးခြင်းတို့ကြောင့် ပွက်သားစျေးမှာ ကျသော်လည် သကြားစျေးတို့မှာ တစ်နေ့ထက်တစ်နေ့ တက်လျက်ရှိကြောင်း သကြားနှင့် သကာရည်ကုန်စည်ဒိုင်အသင်းမှ သိရှိရပါတယ်။

DOCA(မန္တလေး)