အိန္ဒိယပဲဈေးကွက်သတင်း ( ၁၂-၃-၂၀၂၄) ရက်နေ့၌ အဖွင့်ဈေးကွက်တွင် မြန်မာ့ပဲနှင့် ပဲစင်းငုံနီ ဈေးနှုန်းများမြင့်တက်

Powered by Drupal

      မွန်ဘိုင်းဈေးကွက်ဖွင့်ချိန်တွင် မြန်မာ့မတ်ပဲ FAQ မှာ ၁ကွမ်တယ် ၈၆၅၀ရူပီးနှင့် မြန်မာ့ပဲစင်းငုံနီမှာ ၁ ကွမ်တယ် ၁၀၂၅၀ရူပီးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ခဲ့သည်။ ၂၀၂၄ခုနှစ်၊ မတ်လ ၁၁ရက်နေ့ အပိတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံနီမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရသည်။ (၁ကွမ်တယ်ဈေးဖြစ်ပြီး ၁၀၀ကီလိုဂရမ်နှင့်ညီမျှသည်)

      ယနေ့ မွန်ဘိုင်းဈေးကွက် Opening session of trade ( OSOT) တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းသည် မတ်လ  ၁၁ရက်နေ့ Closing session of trade ( CSOT) တွင်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မတ်ပဲ (ရူပီး/ ကွမ်တယ်) နှင့် ပဲစင်းငုံနီ (ရူပီး/ကွမ်တယ်)မှာ  ဈေးငြိမ်နေကြောင်းတွေ့ရှိရပါသည်။

Source : www. Commoditescontrol.com မှ ယနေ့ နေ့လယ်ဈေးနှုန်းမှာ (၁၂:၂၇) နာရီအချိန်တွင် ရရှိသည့်ဈေးနှုန်းဖြစ်ပါသည်။

Source : E. Trade  Myanmar .Com

DOCA(ရန်ကုန်)