ပြည်ပဆန်သတင်း (၈-၃-၂၀၂၄) ရက်နေ့မှ (၁၅-၃-၂၀၂၄) ရက်နေ့အထိ

Powered by Drupal

     ထိုင်းဆန်စျေးနှုန်းများမှာ ၁၀၀မှတ်ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၄၄ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၉၉ဖြင့်လည်းကောင်း ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၆၃၃ဖြင့် စျေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

      ဗီယက်နမ်ဆန်ဈေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၈၈ဖြင့်လည်းကောင်း၊ ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၆၇ဖြင့် ဈေးအနည်းငယ်ကျဆင်းသွားပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။

      အိန္ဒိယဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်နှင့် ၂၅မှတ်ဆန်ဈေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။ ပေါင်းဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၅၅ဖြင့် စျေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရပါသည်။

      ပါကစ္စတန်ဆန်စျေးနှုန်းများမှာ ၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၆၀၃ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားပြီး ၂၅မှတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၆၇ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားပြီး၊ ပေါင်းဆန်စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ၆၁၄ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိပြီး ဆန်ကွဲစျေးနှုန်းတို့ကိုဖော်ပြထားခြင်းမရှိပါ။

Source: Thai Rice Exporters Association

DOCA(ရန်ကုန်)