“နနွင်းများ အောင်မြင်စွာ ရိတ်သိမ်းပြီးစီး”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ ‌‌ကျောက်ဆည်ခရိုင်အတွင်းတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်တွင် နနွင်း စိုက်ဧက(၁၉၁၄)ဧက စိုက်ပျိုးထားရှိပြီး ယခုမတ်လ တတိယပတ်တွင် နနွင်းစိုက်ဧက(၁၉၁၄)ဧက အားလုံးကိုအောင်မြင်စွာ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ (၁)ဧကနနွင်းစိုက်ပျိုးမှုအနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၁၆)သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် လှည်း(၁၀-၁၂)စီး ခန့်ထွက်ရှိကြောင်း ၊ ပေါ်ဦးပေါ်စတွင် နနွင်းတက်အစို (၁)တင်းလျှင်(၁၂၅၀၀)ကျပ် ၊ နနွင်းတက် အခြောက်(၁)ပိဿာလျှင်(၅၅၀၀)ကျပ် ၊ နနွင်းမှုန့် နို့ဆီဗူး တစ်ဗူးလျှင်(၈၀၀-၁၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်ခဲ့ပြီး ယခုမတ်လ တတိယပတ်တွင် နနွင်းတက်အစို (၁)တင်းလျှင် (၁၀၈၀၀)ကျပ်၊ နနွင်းတက် အခြောက်(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ နနွင်းမှုန့်နို့ဆီဗူး တစ်ဗူးလျှင် (၁၁၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ (၁)ဧကလျှင် နနွင်းတက်တင်း (၃၀၀)ထွက်ရှိပြီး နနွင်းတက်(၁)တင်းလျှင် (၁၀၈၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း၊ တောင်သူများ အကျိုးအမြတ်အနေဖြင့် (၁၆၀၀၀၀၀)ကျပ်ခန့် ရရှိကြောင်း နနွင်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)