ဝန်ကြီးချုပ် Anthony Albanese သည် အင်္ဂါနေ့တွင် အာဆီယံ-သြစတြေးလျ အထူးထိပ်သီးအစည်းအဝေး၏ CEO ဖိုရမ်တွင် သြစတြေးလျနိုင်ငံနှင့် အရှေ့တောင်အာရှ၏ စီးပွားရေးဆက်ဆံမှုကိုမြှင့်တင်ရန် ဘဏ္ဍာရေးနှင့် အခြားမက်လုံးများအစုံအလင်ကို ထုတ်ဖော်ပြသမည်ဖြစ်သည်။
သြစတြေးလျသည် ၂၀၂၁ခုနှစ်မှ စတင်လည်ပတ်ခဲ့သည့် လက်ရှိမိတ်ဖက်အဖွဲ့အစည်းများအတွက် အခြေခံအဆောက်အအုံဆိုင်ရာ အစီအစဥ်ကို သက်တမ်းတိုးရန် လေးနှစ်အတွင်း ဒေါ်လာသန်း (၁၄၀) ပံ့ပိုးပေးမည်ဖြစ်သည်။ ဤရန်ပုံငွေသည် အရှေ့တောင်အာရှနိုင်ငံများ၏ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပိုမိုကွဲပြားသော အခြေခံအဆောက်အအုံဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့်တင်ရန် ကူညီပေးမည်ဖြစ်သည်။ အစီအစဥ်တွင် အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ၌ မိတ်ဖက်နိုင်ငံများအား ကူညီပေးရန်ဖြစ်သည်။ ဂျာကာတာ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်၊ ဟိုချီမင်မြို့ရှိ ဒေသဆိုင်ရာ ကုန်းမြေအကွက်များသည် ဒေသတွင်းသို့ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုများတိုးမြှင့်တင်ပို့ရန် သြစတြေးလျစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးမည်ဖြစ်သည်။ စီပွားရေးဆိုင်ရာ တရားဝင်ဗီဇာများကို သုံးနှစ်မှ ငါးနှစ်အထိ သက်တမ်းတိုးသွားမည်ဖြစ်ပြီး ဆယ်နှစ် မကြာခဏခရီးသွားအစီအစဥ်ကို အရည်အချင်းပြည့်မီသော အာဆီယံနိုင်ငံများနှင့် တီမောလက်စ်တေတို့တွင် သက်တမ်းတိုးမည်ဖြစ်သည်။
၂၀၂၂ခုနှစ်တွင် သြစတြေးလျ၏ အာဆီယံအဖွဲ့ဝင်များနှင့် နှစ်လမ်းကုန်သွယ်မှုမှာ ကန်ဒေါ်လာ (၁၇၈) ဘီလီယံကျော်သွားသည်ဟု Albanese ကပြောသည်။ ၎င်းမှာ သြစတြေးလျနှင့် ဂျပန် သို့မဟုတ် အမေရိကန်နှင့်ကုန်သွယ်မှုထက် ပိုသည်ဟုဆိုသည်။ သြစတြေးလျ၏ နှစ်နိုင်ငံရင်းနှီးမြုပ်နှံမှုသည် ဒေါ်လာ (၃၀၇) ဘီလီယံခန့်ရှိသည်။ သြစတြေးလျဒေသတွင် တိုးတက်မှုကိုပံ့ပိုးပေးရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုးခံစားခွင့်များကို အကောင်အထည်ဖော်ရန် ပိုမိုလုပ်ဆောင်ချင်ပါသည်ဟု Albanese က ၎င်း၏မိန့်ခွန်းတွင် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)