၂၀၂၄ ခုနှစ် ပထမသုံးလ၌ ကမ္ဘောဒီးယားဆန်တင်ပို့မှု ၅.၇% လျော့ကျခဲ့

Powered by Drupal

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဆန် ၁၆၆၄၅၁ တန် တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလက တန်ချိန် ၁၇၆၅၈၁ မှ ၅.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံဆန်စပါးအသင်းချုပ် (CRF) က ဖော်ပြခဲ့သည်။

     ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၁၂၃.၆ သန်းရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလက မှတ်တမ်းတင်ထားသည့် ဒေါ်လာ ၁၂၆ သန်းထက် ၁.၉ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ပြည်ပသို့ တင်ပို့သည့် ဆန်အမျိုးအစားများ မှာ ဆန်မွှေးဆန်၊ ဆန်မွှေးဆန်ရှည်၊ ဆန်ဖြူ၊ ပေါင်းဆန်နှင့် အော်ဂဲနစ်ဆန်များ ပါဝင်ပြီး ဆန်မွှေး တင်ပို့မှုသည် စုစုပေါင်း ဆန်တင်ပို့မှု၏ ၈၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆန်တင်ပို့သူ ၄၆ ဦးက နိုင်ငံ ပေါင်း ၅၆ နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း CRF ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

    တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့သည် ကမ္ဘောဒီးယား၏  အဓိကဆန်စျေးကွက်များ ဖြစ် ကြောင်း၊ ယခုနှစ် ပထမသုံးလပတ်၌ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားမှ ဆန်တန်ချိန် ၄၃၀၃၉ တန် (စုစုပေါင်းတင်ပို့မှု၏ ၂၅.၈ ရာခိုင်နှုန်း) ကို တင်ပို့ခဲ့ကြောင်း၊ ဥရောပနိုင်ငံပေါင်း ၂၅ နိုင်ငံသို့ ဆန်တင်ပို့မှုပမာဏ ၇၈၆၇၅ တန်၊ အာဆီယံအဖွဲ့ဝင်ခြောက်နိုင်ငံသို့ ၂၉၇၁၉ တန်နှင့် အခြား ဒေသများသို့ ၁၅၀၁၈ တန် တင်ပို့ခဲ့ကြောင်း သိရှိရသည်။

    ထို့အပြင် ကမ္ဘောဒီးယားနိုင်ငံသည် အဆိုပါသုံးလတာကာလအတွင်း နယ်စပ်ကုန်သွယ်ရေး မှတစ်ဆင့် စပါးတန်ချိန် ၂.၂၂ သန်းခန့်ကို တင်ပို့လျက် ဝင်ငွေ ဒေါ်လာ သန်း ၆၀၀ ခန့် ရရှိခဲ့သည်။

     ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၆၅၆၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၆၆ သန်းရရှိခဲ့ရာ ၂၀၂၂ ခုနှစ်က တင်ပို့နိုင်မှုနှင့် နှိုင်းယှဉ်ပါက ပမာဏအား ဖြင့် ၃ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၁၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ CRF အနေဖြင့် ၂၀၂၅ ခုနှစ် တွင် ဆန်တန်ချိန် တစ်သန်းထက်မနည်း တင်ပို့နိုင်ရေး ရည်မှန်းချက် ချမှတ်ဆောင်ရွက်လျက် ရှိပါသည်။

Source: Khmer Times, April 8, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)