စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ၊ သာယာဝတီခရိုင်ဦးစီးမှူး၊ ဒုခရိုင် ဦးစီးမှူး ၊ သတင်းနည်းဌာနခွဲတာဝန်ခံ ၊ ပြည်တွင်းဌာနခွဲတာဝန်ခံ ၊ စားသုံးဌာနခွဲတာဝန်ခံများနှင့် အဖွဲ့သည် (၂.၂.၂၀၂၂) ရက်နေ့နံနက် (၁၁:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့ စိုက်ပျိုးရေးဆေးဆိုင်ပိုင်ရှင် ဦးမြင့်နိုင်နှင့်တွေ့ဆုံ၍ တောင်သူများ ဓာတ်မြေသြဇာ၊ ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေး ဝယ်ယူသုံးစွဲမှု အခြေအနေများအား သွားရောက်တွေ့ဆုံ၍ ဆိုင်ရှင်အား ဓာတ်မြေသြဇာစျေးနှုန်းအခြေအနေများနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ယခင်နှစ် ပုလဲမြေဆီ တစ်အိတ်လျှင် (၂၆၀၀၀/၂၇၀၀၀) ကျပ်ပေါက်ဈေးသာရှိခဲ့ပြီး ယခုနှစ် ပုလဲမြေဆီ တစ်အိတ်လျှင် (၈၈၀၀၀/၉၀၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခင်နှစ်ထက် သုံးဆလေးဆနီးပါး မြင့်တက်လျက်ရှိကြောင်း၊ တောင်သူများ၏ ငွေကြေးလည်ပတ်မှုနှင့် သီးနှံပေါ်အခြေခံ၍ သွင်းအားစုများအား သုံးစွဲလျက်ရှိကြောင်း ၊ လက်ပံတန်းမြို့ပေါ်တွင် စိုက်ပျိုးရေးဆေးဆိုင် (၃၀) ခန့် ရောင်းချနေပြီး ကျေးရွာများတွင်လည်း းဆေးဆိုင်လက်ခွဲများ ရောင်းချနေကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)