မြိတ်မြို့ရှိ သောက်ရေသန့်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အပါအဝင်၊ သက်ဆိုင်ရာခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ဖြင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် မြိတ်မြို့ပေါ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။

        ကွင်းဆင်းစစ်ဆေးရာတွင် ၎င်းတို့ထုတ်လုပ်သော ကုန်စည်များ၌  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်များ ပြည့်စုံစွာပါရှိခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး သောက်ရေသန့်လုပ်ငန်းရှင်များအား မိမိတို့၏ ကုန်အမှတ်တံဆိပ်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံရန်အတွက် စားသုံးသူရေးရာဦးစီးဌာနသို့ အတည်ပြုလျှောက်ထားနိုင်ပါကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ မက်စ် အားအမြဲတစေတပ်ဆင်၍ အလုပ်လုပ်ရန်နှင့် ထုတ်ကုန်များထုတ်လုပ်ရာ၌ လိုအပ်သောအချက်များပါဝင်သည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)