DENKO စက်သုံးဆီအရောင်းဆိုင်မှ စက်သုံးဆီများ အထူးဈေးနှုန်းဖြင့်ရောင်းချပေး

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြွန်တန်ဆာမြို့ DENKO စက်သုံးဆီ အရောင်းဆိုင်မှ အများပြည်သူများ ကုန်စည်ကူးသန်းရောင်းဝယ်မှု အဆင်‌ပြေချောမွေ့စေရန်အတွက် ပရီမီယံ ဒီဇယ်နှင့် ရိုးရိုးဒီဇယ်ဆီတို့အား (၈ . ၂ . ၂၀၂၂ ) ရက်နေ့မှ စတင်၍ ( ၁၂ ) ရက်ခန့်မျှ အထူးဈေးနှုန်း ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသဖြင့် ညောင်လေးပင်မြို့နယ် စားသုံးသူရေးရာ မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည်  DENKO စက်သုံးဆီ အရောင်းဆိုင်မှ မန်နေဂျာ ဦးစိုးမင်းဌေးနှင့် သွားရောက်တွေ့ဆုံ၍  စက်သုံးဆီရောင်းချမှု အခြေအနေအားမေးမြန်းခဲ့ပါသည်။

             ထိုသို့စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် မြို့နယ်တာဝန်ခံနှင့် DENKO စက်သုံးဆီ အရောင်းမန်နေဂျာ ဦးစိုးမင်းဌေးတို့ တွေ့ဆုံမေးမြန်းရာတွင် လက်ရှိရောင်းချလျက်ရှိသော ပရီမီယံဒီဇယ် (၁) လီတာ ၁၇၆၅ ကျပ်ကို ၁၅၈၀ ကျပ်ဖြင့်လည်းကောင်း၊ ရိုးရိုးဒီဇယ် ( ၁ ) လီတာ ၁၇၄၅ ကျပ်ကို ၁၅၇၂  ကျပ်ဖြင့်ရောင်းချပေးလှျက်ရှိပြီး ဝယ်ယူသူများအနေဖြင့်  ကဒ်ဖြင့်ဝယ်ယူမည်ဆိုပါက  ဂါလံ ( ၁၅၀ ) ရောင်းချပေးပြီး၊ ဟိုင်းဝေးကားသမားများအား ကားကြီးတစ်စီးလျှင် ဂါလံ(၅၀) သာ အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)