စက်ရုံများနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကေတုမတီမြို့အုပ်ချုပ်ရေးမှူးရုံးနှင့် ကေတုမတီမြို့ ကျန်းမာရေးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ ပွင့်ဖြူအထည်ချုပ်စက်ရုံ၊ ရွှေလီဝါးတူစက်ရုံနှင့် ပန်းကမ္ဘာစက္ကူစက်ရုံများသို့ သွား ရောက်ပြီး ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စက်ရုံများလည်ပတ်ရေးနှင့် သက်ဆိုင်ရာဌာနများအလိုက် ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ရောင်းချရေးတို့ကို စစ်ဆေးကြည့်ရှုပြီး ဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပါသည်။

              စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမြင့်သူက စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များနှင့် သက်ဆိုင်သည့်ပြဌာန်းချက်များကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူစိတ်ကျေနပ်မှုရှိရေးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ရေးလုပ်ငန်းရှင်များအား မှာကြားပါသည်။ ဆက်လက်၍ မြို့နယ်တာဝန်ခံဦးမြင့်သူနှင့် ပူးပေါင်းအဖွဲ့သည် ကေတုမတီမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)