အသင့်စားအစားအစာများအား ဈေးကွက်စောင့်ကြည်စစ်ဆေး

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ ရန်ကုန်-မန္တလေးလမ်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချလျှက်ရှိသော ကြက်အူချောင်းနှင့် ငါးသေတ္တာများတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ၊ မရှိကို ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

           ရေတာရှည်မြို့ ရန်ကုန်-မန္တလေးလမ်းရှိ ကုန်စုံဆိုင်ကြီးများတွင် ရောင်းချသော ဒေါ်စိန် အမှတ်တံဆိပ်၊ ပန်းကမ္ဘာ အမှတ်တံဆိပ်၊ ရွှေမုံရွာ အမှတ်တံဆိပ်နှင့် CP အမှတ်တံဆိပ် ကြက်အူချောင်းများနှင့် Three Lady Cooks အမှတ်တံဆိပ်၊ OK/A1 အမှတ်တံဆိပ်နှင့် Ready အမှတ်တံဆိပ် ငါးသေတ္တာများတွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားကြောင်း တွေ့ရှိရပါသည်။

          မြို့နယ်တာဝန်ခံသည် မြန်မာဘာသာဖြင့်ဖော်ပြရန် ညွှန်ကြားထားသည့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိသော ကုန်စည်များအား ရောင်းချခြင်းမပြုရန် ဆွေးနွေးအကြံပြုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)