လက်ရှိဘဏ္ဍာနှစ် ပထမ ၉ လ၌ ပါကစ္စတန်၏ ဆန်တင်ပို့မှုတန်ဖိုး ၇၆% ကျော်တိုးတက်

Powered by Drupal

     ပါကစ္စတန်နိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်တွင် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ ပထမ ၉ လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂.၆၉ ဘီလီယံရရှိခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလ၌ ဆန်ပို့ကုန်မှ ရရှိခဲ့သောဝင်ငွေ ဒေါ်လာ ၁.၅၂၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၇၆.၅၇% တိုး တက်ခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ်၏ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရှိရသည်။

      ပါကစ္စတန်၏ ယခုနှစ် မတ်လ၌ ပြည်ပသို့ ဆန်တင်ပို့မှုမှ ဝင်ငွေမှာ ဒေါ်လာ ၃၅၅.၄၄ သန်း ရှိပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ရရှိခဲ့သော ဒေါ်လာ ၂၀၀.၈၄ သန်းကို ကျော်လွန် တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇွန်လတွင် ကုန်ဆုံးခဲ့သော ယခင်ဘဏ္ဍာနှစ် ၁ နှစ်တာအတွင်း ပါကစ္စတန် နိုင်ငံသည် ဆန်တင်ပို့မှုမှ ဝင်ငွေစုစုပေါင်း ဒေါ်လာ ၂.၁၀ ဘီလီယံရရှိခဲ့သည်။

      ပါကစ္စတန်နိုင်ငံ အနေဖြင့် လက်ရှိဘဏ္ဍာနှစ် ပထမ ၉ လအတွင်း ဘာစမာတီဆန်နှင့် ဘာစမာတီမဟုတ်သောဆန် ၂ မျိုးလုံးကို တိုးမြှင့်တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကာလအတွင်း ဘာစမာတီဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၆၃၁.၃၃ သန်းရရှိခဲ့ရာ ယခင်နှစ်ကာလတူတင်ပို့မှုအပေါ် ၄၅% ပိုမိုခဲ့ကြောင်း၊ ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုမှာ တန်ဖိုး ဒေါ်လာ ၂.၀၅၈ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလတင်ပို့မှုထက် ၈၉.၃၇% တိုးတက်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Source: Minute Mirror, 14 May 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)