Aliexpress နှင့် Temu တို့တွင်ထုတ်ကုန်များလုံခြုံဘေးကင်းရေးအတွက် တောင်ကိုရီးယားမှ သဘောတူလက်မှတ်ရေးထိုး

Powered by Drupal

          တောင်ကိုရီးယားနိုင်ငံ၏အစိုးရသည် မေလ၁၃ ရက်နေ့(တနင်္လာနေ့) က Aliexpress, Alibaba နှင့် Temu ကဲ့သို့သော online နာမည်ကြီးစျေးဝယ်ပလက်ဖောင်းများ‌တွင် ရောင်းချနေသောကုန်ပစ္စည်းများ ဘေးကင်လုံခြုံမှုနှင့်ပက်သက်၍ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပါသည်။

          တောင်ကိုရီယားနိုင်ငံသည် Aliexpress, Temu နှင့်အခြားသောတရုတ် E-Commerce စျေးဝယ်ပလက်ဖောင်းများကို မိမိတို့နိုင်ငံအတွင်း အသုံးပြုသူများ များပြားလာသောကြောင့် ထို E-Commerce ပလက်ဖောင်းများအားသေသေချာချာစိစစ်ပြီးနောက် သဘောတူညီချက်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

          မကြာသေးမီကပင် Aliexpress နှင့် Temu တို့တွင်ရောင်းချသည့် ကလေးများအတွက်ထုတ်လုပ်သောကုန်ပစ္စည်းများကိုစစ်ဆေးမှုများပြုလုပ်ခဲ့ရာ လူ့ခန္တာကိုယ်ကိုအန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းအများအပြားပါဝင်နေမှုကိုတွေ့ရှိခဲ့ကြပြီး စားသုံးသူများ၏ဘေးကင်းရေးကို ဆိုးရွားစွာခြိမ်းခြောက်နေကြောင်း (KFTC) မှပြောကြားခဲ့သည်။

          “နိုင်ငံရပ်ခြား အွန်လိုင်းပလက်ဖောင်းများနှင့်ဆက်စပ်၍ စားသုံးသူဘေးကင်း‌ရေးကို စည်းကမ်းထိန်းသိမ်းသူများက အာရုံစိုက်နေကြသည်ကို ကျွန်ုပ်တို့နားလည်ပါသည်” ဟု Temu ၏ ပူးတွဲတည်ထောင်သူ Qin Sum ကတနင်္လာနေ့ လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ထပ်မံ၍ ကိုရီးယားမှပြန်လည်သိမ်ဆည်းထားသောထုတ်ကုန်များကဲ့သို့ အန္တရာယ်ရှိသောကုန်ပစ္စည်းဖြန့်ဖြူးမှုကို တားဆီးနိုင်ရန်အတွက် စောင့်ကြည့်မှု များကို အားကောင်းအောင်ဆက်လက်လုပ်ဆောင်သွားမည်ဟုပြောကြားခဲ့သည်။

          Aliexpress Korea၏ CEO ဖြစ်သူ Ray Zhangက ပလက်ဖောင်းအသုံးပြုသူများကို ဘာသာစကားအခက်အခဲမရှိဘဲ လျှင်မြန်စွာပြန်လည်ဖြေကြားပေးခြင်းအပါအဝင် သုံးစွဲသူအကာအကွယ်ပေး‌‌ရေးမူဝါဒများကို (မတ်လ)ကတည်းက အဆင့်မြှင့်တင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။

          သဘောတူညီချက်အရအစိုးရသည်‌ ဒေတာအချက်အလက်များကိုပံ့ပိုးပေးမည်ဖြစ်ပြီး အန္တရာယ်ရှိသောထုတ်ကုန်များကို ပလက်ဖောင်းများတွင်ရောင်းချခြင်းမှ ပိတ်ပင်တားမြစ်ခြင်း ရှိ/ မရှိစစ်ဆေးသွားမည်ဖြစ်သည်။

          Euromonitor ၏အချက်အလက်များအရ တောင်ကိုရီးယားနိုင်ငံ၏ E-Commerce စျေးကွက်သည် ကမ္ဘာပေါ်တွင်စတုတ္တမြောက်အကြီးဆုံးအဖြစ် အဆမတန်မြင့်တက်နေသည်။ တောင်ကိုရီးယားရှိ Aliexpressနှင့် Temu အသုံးပြုသူအရေအတွက်သည် ၂၀၂၄ခုနှစ်၊ မတ်လအထိ ၈.၈၇ သန်းနှင့် ၈.၂၉ သန်းအသီးသီးရှိကြပြီး 11STREET (၇.၄ သန်း) ကဲ့သို့သောပြည်တွင်း စျေးဝယ်ပလက်ဖောင်းများထက်ပိုများလာသည်ဟု (KFTC) ၏‌ဒေတာများမှသိရှိရပါသည်။ နိုင်ငံ ရပ်ခြားမှတောင်ကိုရီးယား၏ E-Commerce ဝယ်ယူမှုသည် ၂၀၂၂ခုနှစ်၊ တွင်၅.၃ ထရီလီယမ်ဝမ် မှ ၂၀၂၃ခုနှစ်၊ တွင် ၆.၈ ထရီလီယမ်ဝမ် (အမေရီကန်ဒေါ်လာ ၄.၉၇ ဘီလီယမ်) အထိခုန်တက်သွားခဲ့ကြောင်း Statistics Korea မှသိရှိရပါသည်။

Source : Reuters.com

DOCA(ရန်ကုန်)