နိုင်ငံ၏ Chip လုပ်ငန်းနယ်ပယ်အတွက် တောင်ကိုရီးယားအစိုးရက အမေရိကန်ဒေါ်လာ ၇ဘီလီယံ ထောက်ပံ့မည်

Powered by Drupal

     ကမ္ဘာပေါ်တွင်အရေးပါသော တစ်ပိုင်းလျှပ်ကူးကဏ္ဍကိုအရှိန်မြှင့်တင်ရန်အတွက် တောင်ကိုရီးယားနိုင်ငံသည်Chip လုပ်ငန်းနယ်ပယ်ကို အမေရိကန်‌ဒေါ်လာ၇ ဘီလီယံကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ဘဏ္ဍာ‌ရေးဝန်ကြီးဌာနကမေလ ၁၂ ရက်နေ့ကပြောကြားခဲ့ပါသည်။ ဤခြေလှမ်းသည် လွန်ခဲ့သည့်နှစ်က ကမ္ဘာလုံးဆိုင်ရာစျေးကွက်ကိုပိုမိုထိုးဖောက်မည့် ကမ္ဘာ့အကြီးမားဆုံး Memory Chip ထုတ်လုပ်သည့် Samsung Electronic မှအဓိကရင်းနှီးမြှပ်နှံမည့် အမေရိကန်ဒေါ်လာ (၂၄၀)ဘီလီယံတန်ဖိုးရှိသည့် ကမ္ဘာ့အကြီးမားဆုံး Chip Center တည်ဆောက်ရန်အတွက် အစိုးရ၏ ကတိပြုမှုကြောင့်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး၏ ၁၂-၅-၂၀၂၄ရက်နေ့ကထုတ်ပြန်ချက်အရ အစိုးရသည် အမေရိကန်‌ဒေါ်လာ(၇.၂)ဘီလီယံကျော်ကို တစ်ပိုင်းလျှပ်ကူးပစ္စည်းများကိုဒီဇိုင်းရေးဆွဲပြီး စျေးကွက်တင်သွင်းသည့်နယ်ပယ်၊ Chip ပစ္စည်းများနှင့် Chip နယ်ပယ်တစ်ခုလုံးမှ အစိတ်အပိုင်းထုတ်လုပ်ခြင်းများကို ထောက်ပံ့ရန် စီစဥ်ထားကြောင်းသိရှိရပါသည်။ ထိုအမေရိကန်ဒေါ်လာ(၇.၂)ဘီလီယံကျော်သည် သီးသန့်နှင့် အများနှင့်သက်ဆိုင်သော ငွေကြေးဆိုင်ရာအဖွဲ့အစည်းများက  ထောက်ပံ့ထားသည့် ရန်ပုံငွေသစ်ထံမှရရှိလာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြည်တွင်း Chip ထုတ်လုပ်သူများနှင့် ၁၀-၅-၂၀၂၄ကပြုလုပ်ခဲ့သည့် အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်ဟုသိရပါ သည်။ အာရှ၏ စတုတ္ထစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံသည် နိုင်ငံ၏အင်အားကြီးနည်းပညာကုမ္ပဏီကြီးများ၏ ကောင်းမွန်စွာတည်ထောင်ပြီးဖြစ်သော အဓိကနည်းပညာများဖြစ်သော Chips၊ Display ဖန်သားပြင်များ၊ ဘက်ထရီများတွင် ကြီးမားစွာရင်းနှီးမြှုပ်နှံရန်ရည်ရွယ်ထားပါသည်။ တောင်ကိုရီးယားနိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံး Memory Chip ထုတ်လုပ်သည့် Samsung Electronic နှင့် SK Hynix တို့တည်ရှိနေသည်။ တောင်ကိုရီးယားနိုင်ငံသည် မတ်လ တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၁.၇)ဘီလီယံထိ ရောက်ရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံ၏တင်ပို့မှုပမာဏစုစုပေါင်း၏ နံပါတ်ငါးနေရာတွင် ရပ်တည်နေကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရပါသည်။ ၂၀၂၂မေလတွင် Samsung Electronic သည် လာမည့်ငါးနှစ်ကျော်တွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို Biologic Chips အဖြစ်ကူးပြောင်းမည့်ကဏ္ဍများတွင် ဝမ်(၄၅၀)ထရီလီယံ ရင်းနှီးမြှုပ်နှံရန်ရည်ရွယ်ထားသည့် ရှေ့ပြေးပြုလုပ်ထား သောအသေးစိတ်စီမံချက်ကိုထုတ်ပြန်ခဲ့ပါသည်။ အရည်အသွေးမြင့် Chip များထောက်ပံ့မှု လုံခြုံစိတ်ချရမှုရှိရေးသည် နိုင်ငံတကာတွင်အလွန်အရေးပါသော အကြောင်းအရာတစ်ခုဖြစ်လာပြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် Chip စျေးကွက်ကိုထိန်းချုပ်ရန်အတွက် အပြန်အလှန်ယှဥ်ပြိုင်လျက်ရှိ‌ကြောင်းသိရှိရပါသည်။

Source; Malay Mail 

DOCA(ရန်ကုန်)