စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းနှင့်ကံမမြို့နယ် တာဝန်ခံ၊ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည်(၁၅-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကံမမြို့ မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့ သရက်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနစုံပါဝင်သောအဖွဲ့ဖြင့် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် မိတ်ဖက်ဌာနဆိုင်ရာများမှ ဆေးနှင့်ဆေးဝါးပစ္စည်းအရောင်းဆိုင် များတွင် လုပ်ငန်းရှင်များအား ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး၊ ဆေးဝါးပစ္စည်းများ ဈေးနှုန်းမြှင့် ဖြန့်ဖြူးမရှိစေရေး၊ ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်းများမရှိစေရေး၊ မှတ်ပုံတင်ထားခြင်း မရှိသောဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားပြီး ကံမမြို့နယ်တာဝန်ခံ၊ ဒုတိယဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းမှ ရောင်းချသည့်လုပ်ငန်းရှင်များအား မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည် အုပ်စု(၈)အုပ်စုအနက် ကုန်စည်အုပ်စု(င)တွင်ပါရှိသည့် ဆေးဝါးနှင့်ဖြည့်စွက်စာများတွင် ပါဝင်ရမည့် အချက်များ ပြည့်စုံစွာပါရှိသည့် ဆေးဝါးများ၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကို ထည့်သွင်းဖော်ပြထားသည့် ဆေးဝါးများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)