
၂၀၂၄ ခုနှစ်၊ မေ ၁၇ ရက်နေ့၊ နံနက် (၁၀း၀၀) အချိန်တွင် စီးပွားရေးနှင့်ကူသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်မှ ဦးဆောင်၍ စားသုံးဆီဖြန့်ဖြူးခြင်း၊ရောင်းချခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို online virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ UMFCC ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေကြီး/ပြည်နယ် ဦးစီးမှူးများ၊ ဖြန့်ဖြူးရောင်းချမည့် ကုမ္ပဏီ(၁၈)ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းမှ Supply Chain ပြတ်တောက်မသွားအောင် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်နှင့် ဖြန့်ဖြူးသူများ သင့်တင့်မျှတသော အကျိုးအမြတ် ရရှိ ပြီး စားသုံးသူပြည်သူများလည်း ကုန်စျေးနှုန်းကြီးမြင့်ခြင်း မရှိစေရန် လုပ်ငန်းရှင်များအလေးထား သတိပြုဆောင်ရွက်ရန်နှင့် မလိုလားအပ်သော စျေးနှုန်းမဖြစ်စေရန် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းပေးရန်၊ မိမိတို့မှလည်း လုပ်ငန်းစဥ် အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းမှ ဖြန့်ဖြူးသည့် ကုမ္ပဏီများမှ တင်သွင်းမှု၊ ဖြန့်ဖြူးမှုကိစ္စရပ်များနှင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။
နိဂုံးချုပ်အနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးချက်များကို ပြန်လည်ရှင်းပြောကြားခဲ့ကာ အစည်းအဝေးအား နေ့လယ်(၁၁း၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)