ပန်းတနော်မြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် တာဝန်ခံရှိမှ ဦးစောဟေမာန်ထွန်း၊ ဦးအောင်ကျော်သက် တို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Showကို ၂၀၂၄ခုနှစ် မေလ ၁၇ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပန်းတနော်လူထုအခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

          ဆွေးနွေးပွဲတွင်  အသိပညာပေး Talk Show မှတဆင့် စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှု များကို ဝယ်ယူသုံးစွဲရာတွင် မိမိတို့၏အခွင့်အရေးများ သိရှိထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် လိုက်နာရမည့် အချက်များ၊ ဌာနမှ စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ် ဆေးဆောင်ရွက်နေခြင်းနှင့် စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)