စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) သည် ၂၀.၅.၂၀၂၄ ရက်နေ့ တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာ၊ ရပ်ကွက်(၃) ရှိ ပြည်သူ (၁၀) ဦးအား စားသုံးသူ ကာကွယ်ပေးရေး အသိပညာပေးဟောပြောခဲ့ပါသည်။
ထိုသို့ ဟောပြောရာတွင် ဦးဘောမ်ဇုံး(ရုံးအုပ်)က ၂၀၁၉ စားသုံးသူ ကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံ လိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်းစသည့်အချက်များ၊ စားသုံးသူ၏ တာဝန် များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှု၊ ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်းစသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များ၊ စားသုံးဆီနှင့်ပတ်သက်၍လည်း ကုန်အညွှန်းအမှတ်အသား/ ထောက်ခံ ချက် ပြည့်စုံစွာပါရှိသည့် စားသုံးဆီများကို ဝယ်ယူသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသည့် ကုန်စည် ဝယ်ယူမှု အလေ့အကျင့်များရရှိစေရန်၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုများ အတွက်လည်း တိုင်ကြားရန် CICC ရုံးများ ဖွင့်လှစ်ဆောင်ရွက်ပေးနေမှု၊ အွန်လိုင်းမှ ဈေးဝယ်ရာတွင်လည်း သတိထားရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ပြီးစားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ကချင်)