ဟားခါးမြို့ပေါ်တွင်ရောင်းချလျှက်ရှိသော ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးသိန်းထိုက်အောင်(ဒု-ဦးစီးမှူး)၊ ဦးကီးအောင်လိန်း(ဒု-ဦးစီးမှူး)၊ ဒေါ်ငိုးခန့်နွမ်း(နေ့စား)နှင့် ဒေါ်ဂျေစီဗန်နီဆဲ(က်)(နေ့စား) တို့သည် ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဟားခါးမြို့ ပြည်တော်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကုန်ပစ္စည်းများတွင် အများပြည်သူ နားလည်နိုင်သော မြန်မာဘာသာသို့မဟုတ် အခြားဘာသာတစ်ခုခုဖြင့် ကုန်အညွှန်းအမှတ်အသား ပြီးပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများ လူသုံးကုန်ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ဝင်ရောက်လာမှုမရှိစေရန် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ ထို့နောက် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက မည်သည့်ကုန်ပစ္စည်းမဆို ဖြန့်ဖြူးရောင်းချရာတွင် ကုန်ပစ္စည်းများဖြန့်ဖြူးထုတ်လုပ်သူများ၏ နေရပ်လိပ်စာ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များကို သေချာစိစစ်ပြီးမှသာ ထပ်ဆင့်ဝယ်ယူဖြန့်ဖြူးရောင်းချစေလိုကြောင်းနှင့် ကုန်စုံဆိုင်ရောင်းချသူများကို စားသုံးသူပြည်သူမှ လူမှုမီဒီယာများတွင် မဟုတ်မမှန်သော သတင်းများ စွပ်စွဲရေးသားခြင်း၊ ပြောဆိုခြင်း လုပ်ဆောင်ပါက မိမိတို့ စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းမှာကြားခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ချင်း)