ရမည်းသင်းမြို့၊မြို့မစျေးအတွင်း ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်သားဖော်ပြရန် ကွင်းဆင်းစစ်ဆေးအသိပညာပေး

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာနှင့်ရမည်းသင်း)ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ဦးစီးအရာရှိနှင့်ဝန်ထမ်းများမှ ဦးဆောင်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၅.၂.၂၀၂၂) ရက်နေ့ (၁၀:၀၀)အချိန်တွင် ရမည်းသင်းမြို့ မြို့မစည်ပင်သာယာစျေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ဟင်းသီးဟင်းရွက်ဆီနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်သားဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအား ကွင်းဆင်း၍ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းအသိပညာပေးဆောင်ရွက်ရာတွင် အစားအသောက်ကုန်စည်အုပ်စုတွင် ပါဝင်သည့် စားသုံးဆီအမျိုးမျိုးနှင့် စပ်လျဉ်း၍ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မဖြစ်မနေဖော်ပြရန် လိုအပ်သည့်အတွက် (၂၀.၁၂.၂၀၂၁) ရက်နေ့တွင် ညွှန်ကြားချက်(၁/၂၀၂၁) အား ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအခါတွင် စျေးကွက်အတွင်း၌ အချို့သောစားသုံးဆီများသည် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) ဟု ဖော်ပြချက်သည် ကုန်စည်တစ်ခု၏ အမျိုးအမည်မဟုတ်သည့်အပြင် စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်စေသည့်အတွက် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil နှင့် Cooking Oil) အမျိုးအစားနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပင်းရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟူ၍ ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏အသားတင်ပမာဏအား မြန်မာ့အလေးချိန်ယူနစ် ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်သည် (၂၀-၆-၂၀၂၂) ရက် (၆)လပြည့်မြောက်ပြီးသည့်နေ့တွင် စတင်အာဏာတည်မည်ဖြစ်၍ စားသုံးဆိုင်များအနေဖြင့် ပြင်ဆင်ချိန် ယခုလိုပေးထားသော ကာလအတွင်း ရောင်းချနိုင်သော်လည်း၊ အာဏာသက်ရောက်သည့်နေ့မှစ၍ မရောင်းချစေရေး၊ အဆိုပါ ဆီများလာရောက် တင်ပို့သော လုပ်ငန်းရှင်များကိုလည်း မျှဝေပြောကြားသွားရန် စားသုံးဆီရောင်းချသည့် အရောင်းဆိုင်များအား ကွင်းဆင်း၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(မန္တလေး)