စားဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၁၇.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဘီးလင်း မြို့နယ်၊ ဘိုရာဇာရပ်ကွက်ရှိ မင်္ဂလာဈေး ၊ ကန်သာယာရပ်ကွက်ရှိ နီလာဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားဆီအမျိုးအမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာ ဖော်ပြထားခြင်း ရှိ၊ မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် ရှိ၊ မရှိနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားနှင့် ထောက်ခံချက်များ ပြည့်စုံစွာ ဖော်ပြပါရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)