![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/13_15.jpg?itok=BgJxPyC7)
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ် ဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးသည် ဧပြီလ (၁၉)ရက်၊ နေ့လယ် (၁၀:၀၀) နာရီအချိန်တွင် သီဟိုဠ်အသင်းနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးသည် ပြည်တွင်း/ ပြည်ပ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန်၊ သီဟိုဠ်အထွက်နှုန်း၊ ဈေးနှုန်း/ဈေးကွက်အခြေအနေ၊ ကုန်ချောထုတ်လုပ်နိုင်မှုအခြေအနေ၊ အပင်များ ရေရှည်ထိန်းသိမ်းနိုင်ရန် မြေဆီလွှာ ရေရရှိနိုင်မှုအခြေအနေ၊ မြေပိုင်ဆိုင်မှုအခြေအနေများနှင့် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)