အိန္ဒိယစားနပ်ရိက္ခာလုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့အစည်း (The Food Safety and Standards Authority of India-FSSAI) သည် သရက်သီးများ ပေါများသည့်ရာသီ ကာလတွင် သစ်သီးများကို ကယ်လ်ဆီယမ်ကာဘိုက် ရင့်မှည့်ဆေးကို အသုံးပြု၍ အချိန်မတိုင်မီ ရင့်မှည့်စေခြင်းအတွက် သတ်မှတ်ထားသည့် စံနှုန်းများကို တိကျစွာ လိုက်နာစေလိုကြောင်း ကုန်သည်များ၊ သစ်သီးရောင်းချသူများနှင့် စားသောက်ကုန်လုပ်ငန်းရှင်များကို တိုက်တွန်းပြော ကြားခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းက စားနပ်ရိက္ခာလုံခြုံစိတ်ချရမှုဆိုင်ရာဌာနများအား စားနပ် ရိက္ခာလုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအက်ဥပဒေ ၂ဝဝ၆၊ နည်းဥပဒေနှင့် စည်းမျဉ်းများတွင် ပြဌာန်းချက်များအရ တရားမဝင်သောအလေ့အထများကို တင်းကြပ်စွာ အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားခဲ့ပါသည်။
သရက်သီးကဲ့သို့သောသစ်သီးများကို ရင့်မှည့်စေရန် အသုံးပြုသည့် ကယ်လ်ဆီယမ် ကာဘိုက်သည် အာဆင်းနစ်နှင့် ဖော့စဖရပ်ကဲ့သို့သောဘေး အန္တရာယ်ရှိသည့် ဓာတ်ပစ္စည်းတို့ ပါဝင်နိုင်သည့် အက်ဆီတလင်းဓါတ်ငွေ့ကို ထုတ်လုပ်နိုင်ကြောင်း FSSAI က အစီရင်ခံစာတစ်ခု တွင် ဖော်ပြထားပါသည်။ အဆိုပါဓာတ်ပစ္စည်းများသည် မူးဝေခြင်း၊ မကြာခဏရေဆာလောင် ခြင်း၊ ယားယံခြင်း၊ အားနည်းခြင်း၊ မျိုချရန်ခက်ခဲခြင်း၊ အော့အန်ခြင်း၊ အရေပြားကင်ဆာစသည့် ပြင်းထန်သောကျန်းမာရေးဆိုင်ရာဆိုးကျိုးများကို ဖြစ်စေပါသည်။ ထို့အပြင် အက်ဆီတလင်းဓါတ် ငွေ့သည် ကိုင်တွယ်ထိန်းသိမ်းသူများကိုလည်း ဘေးအန္တရာယ်ဖြစ်စေပါသည်။ ကယ်လဆီယမ် ကာဘိုက်သည်သစ်သီးများကို ခူးယူသည့်အချိန်တွင် တိုက်ရိုက်ထိတွေ့ပြီး သစ်သီးများအပေါ်တွင် အာဆင်နစ်နှင့် ဖော့စဖရပ်ဓါတ်အကြွင်းအကျန်များကို ကျန်ရစ်စေပါသည်။ ယင်းကဲ့သို့သော အန္တရာယ်များကြောင့် စားနပ်ရိက္ခာလုံခြုံစိတ်ချရမှုနှင့်စံချိန်စံညွှန်း (ရောင်းချမှုတားမြစ်ပိတ်ပင်ခြင်းနှင့်ကန့်လတ်ခြင်း) ဆိုင်ရာစည်းမျဉ်း ၂၀၁၁ အရ သစ်သီးများကို ရင့်မှည့်စေရန်အသုံးပြုသည့် ကယ်လဆီယမ်ကာဘိုက်ကို တားမြစ်ပိတ်ပင်ခဲ့ပါသည်။ အဆိုပါစည်းမျဉ်းတွင် မည်သူမဆို ကာဘိုက်ဓါတ်ငွေ့ဟုလူသိများသည့် အက်ဆီတလင်းဓါတ်ငွေ့ကိုအသုံးပြု၍ တုပရင့်မှည့်စေရန် ပြုလုပ်ထားသည့် သစ်သီးများကို ရောင်းချခြင်း သို့မဟုတ် အရောင်းကမ်းလှမ်းခြင်း သို့မဟုတ် ရောင်းချရန် ပြသခြင်း သို့မဟုတ် သိုလှောင်ခြင်းတို့ကို မပြုလုပ်ရန် ဖော်ပြထားကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံတွင် သရက်သီးများကို ရင့်မှည့်စေရန် ပိုမိုလုံခြုံစိတ်ချရမှုရှိသော အက်သီလင်း ဓါတ်ငွေ့ကို အသုံးပြုခွင့်ပေးထားပါသည်။
Source: The Hindu Business Line, May 18, 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)