UNICEF သည် ၂၀၁၉ ခုနှစ်တွင် (၅)နှစ်အောက် မလေးရှားကလေးငယ်များ၏ ၂၀.၇% သည် ပုညှက်ခြင်းဝေဒနာကိုခံစားခဲ့ရပြီး (၁၉)နှစ်အရွယ်ကလေးများ၏ ၁၂.၇ % သည် အဝလွန် ခြင်းကို ကြုံတွေ့ရကာ ၁၁.၅% သည် တဖြည်းဖြည်းအားနည်း၍ပိန်လှီလာကြသည်။
ထိုဖြစ်စဉ်၏ အဓိကအကြောင်းရင်းတစ်ရပ်မှာ Vitamin A ချို့တဲ့မှုကြောင့်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဘီတာကာရိုတင်းကို ဇီဝပေါင်းစပ်မှုပြုလုပ်ရန်အတွက် မျိုးရိုးဗီဇအင်ဂျင်နီယာဖြင့် ထုတ်လုပ်ထားသော ရွှေရောင်ဆန်(Oryza Sativa)ကို လူမှုမီဒီယာ ဘလော့ဂါအချို့က တင်သွင်းရန်တိုက်တွန်းထားကြသည်။
ထိုရွှေရောင်ဆန်ကို စားသုံးခြင်းသည် ညဘက်မျက်စိကွယ်ခြင်း၊ မျက်ကြည်လွှာအမာရွတ်များ၊ အမြဲတမ်းမျက်စိကွယ်ခြင်းနှင့် ကလေးငယ်များတွင် ဝက်သက်နှင့်ဝမ်းပျက်ခြင်းကြောင့် သေဆုံးနိုင်ခြေများသော ဗီတာမင် A ချို့တဲ့မှုဆိုင်ရာရောဂါများကို ကျော်လွှားနိုင်မည်ဖြစ်သည်။
သို့သော်လည်း တချို့သောဘလော့ဂါများက မလေးရှားနိုင်ငံသည် နိုင်ငံတွင်း အခြားသော ဆန်များထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် ရွှေရောင်ဆန်ကို စိုက်ပျိုးရန်မလိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။
University Malaya Institute of Biological Sciences မှ ပါမောက္ခ ဒေါက်တာ Muhamad Shakarin Mispan ကလည်း နိုင်ငံတွင်း၌ Vitamin A ဖြည့်တင်းထားသော ရွေရောင်ဆန်များအား စိုက်ပျိုးရန် ခြေလှမ်းများစတင်ခြင်းမရှိသေးကြောင်း ပြောခဲ့သည်။
လက်ရှိ ဆန်ထုတ်လုပ်မှု ၇၃ရာခိုင်နှုန်းအား ပြည်တွင်း၌ ထောက်ပံ့ပေးလျက်ရှိပြီး ကျန်ရှိသည့်ဆန်များကို ပြည်ပသို့တင်ပို့ခြင်းဖြင့် ပို့ကုန်တင်ပို့မှုအား လုံလောက်စွာဖြည့်ဆည်းပေးနိုင်လျက်ရှိသည်။ Muhamad Shakarin Mispan က ဖိလစ်ပိုင်နိုင်ငံသည် ရွှေရောင်စပါးကို စီးပွားဖြစ်ဖြန့်ဖြူးခွင့်ပြုသည့် ကမ္ဘာ့ပထမဆုံးနိုင်ငံဖြစ်ကြောင်းပြောကြားခဲ့သည်။
သို့သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ၎င်းအား ၂၀၂၁ခုနှစ်တွင် စိုက်ပျိုးရန်အတည်ပြုခဲ့သော်လည်း ဖိလစ်ပိုင်တရားရုံးက ၎င်းဆန်အားပိတ်ဆို့ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဇီဝဘေးကင်းရေး အမျိုးသားကော်မတီ၏ ဇီဝဘေးကင်းရေး ပြန်လည်သုံးသပ်မှုကိုစောင့်ဆိုင်းနေပြီး စည်းမျဉ်းစည်းကမ်းမတည်ငြိမ်မှုများကြောင့် ရွေရောင်ဆန်များစိုက်ပျိုးခြင်းမှ ဆိုင်းငံ့ထားကြောင်းသိရှိရပါသည်။
Source: the sun.my
DOCA(ရန်ကုန်)