မလေးရှားနိုင်ငံသည် ထိုင်းနိုင်ငံကိုကျော်တက်ကာ အရှေ့တောင်အရှ၏ ဒုတိယအကြီးဆုံး ကားစျေးကွက်ဖြစ်လာ

Powered by Drupal

      အရှေ့တောင်အာရှ၏ မော်တော်ကားစျေးကွက်တွင် တတိယနေရာ၌ ကြာရှည်စွာရပ်တည်နေသော မလေးရှားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလအထိ သုံးလဆက်တိုက် မော်တော်ကားထုတ်လုပ်မှုတွင် ထိုင်းနိုင်ငံအားကျော်တက်ကာ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး မော်တော်ကားစျေးကွက်ဖြစ်လာခဲ့သည်။

        မလေးရှားနိုင်ငံ၏ Automotive Association   အဆိုအရ ယခုနှစ် ပထမသုံးလပတ်တွင် ကားအစီးရေ  ၂၀၂၂၄၅စီးရောင်းချနိုင်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၅ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။

       မလေးရှားအစိုးရ၏ စီးပွား‌ရေးနှိုးဆွမှုအစီအစဥ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပြည်တွင်း၌ထုတ်လုပ်သော မော်တော်ကားများအတွက် အခွန်ကင်းလွတ်ခွင့်များပေးခြင်းသည် စျေးကွက်ဝေစု၏ ၆၀ရာခိုင်နှုန်းကိုပိုင်ဆိုင်ထားသည့် ကားအမှတ်တံဆိပ်များဖြစ်သော Perodua နှင့် Proton တို့အား ထုတ်လုပ်ရောင်းချမှုများမြင့်တက်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။

       ထိုသို့ အခွန်ကင်းလွတ်ခွင့်များသည် ၂၀၂၀ခုနှစ် ကပ်ရောဂါများစတင်ဖြစ်ပွားသည့် ကာလမှစတင်ခဲ့သည်။ ၄င်းသည် ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းတွင် ကုန်ဆုံးခဲ့သော်လည်း အခွန်လွတ်ကင်းခွင့်ဘွတ်ကင်များ၏ ပြည့်စုံမှုသည် ၂၀၂၃ခုနှစ်တွင် အရောင်းကိန်းဂဏန်းများကို ဆက်လက်မြှင့်တင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ “အပြိုင်အဆိုင်စျေးနှုန်းများရှိသော လျှပ်စစ်ကားများအပါအဝင် ကားမော်ဒယ်အသစ်များအား မိတ်ဆက်ပေးခြင်းသည် ‌‌ရောင်းအားကိုတိုးလာစေရန် လှုံ့ဆော်ပေးသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

         ဆန့်ကျင်ဘက်အနေဖြင့် ထိုင်းနိုင်ငံတွင် မော်တော်ကားများ‌ရောင်းအားကျဆင်းလာခဲ့ သည်။ အာရှမော်တော်ကားစျေးကွက်၏ ဒုတိယနေရာအား နှစ်ရှည်လများသိမ်းပိုက်ထားသည့် ထိုင်းနိုင်ငံသည် ယခင်နှစ်နှင့်နှိုင်းယှဥ်ပါက ယခုနှစ်၏ပထမသုံးလပတ်တွင် ရောင်းအား ၂၅ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ထိုင်းနိုင်ငံ၏ လစဥ်မော်တော်ယာဥ်ရောင်းချမှုသည် ၂၀၂၃ခုနှစ်၊ ဇွန်လမှစတင်၍ ကျဆင်းလာခဲ့ပြီး မော်တော်ယာဥ်ချေး‌‌ငွေနှင့် သုံးစွဲမှုရပ်တန့်နေခြင်းတို့ကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။

Source : e.vnexpress.net

DOCA(ရန်ကုန်)