ဗီယက်နမ်နိုင်ငံမှ စပိန်သို့ ကော်ဖီတင်ပို့မှု ၁၀၀ရာခိုင်နှုန်းမြင့်တက်လာ

Powered by Drupal

       ဗီယက်နမ်နိုင်ငံမှ စပိန်သို့ ကော်ဖီတင်ပို့မှု ၁၀၀ရာခိုင်နှုန်းမြင့်တက်လာကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားကုန်သွယ်ရေးအေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ဧပြီလတွင် စပိန်သို့ ကော်ဖီစေ့တန်ချိန် ၁၀၇၄၀တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂.၆၆သန်းရရှိခဲ့သဖြင့် တင်ပို့မှုပမာဏအားဖြင့် ၁၈.၇ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ တန်ဖိုးအားဖြင့် ၁၀၂.၈ရာခိုင်နှုန်းမြင့်တက်လာကြောင်း အေဂျင်စီက အကောက်ခွန်အထွေထွေဌာန၏ အချက်အလက်များကို ကိုးကားပြောကြားခဲ့ခြင်းဖြစ်ပါသည်။

        ဗီယက်နမ်နိုင်ငံမှ စပိန်နိုင်ငံသို့ ယခုနှစ်၏ ပထမလေးလပတ်တွင် ကော်ဖီစေ့တင်ပို့မှုမှာ တန်ချိန်၅၅၃၈၀ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉၃.၁သန်းရှိခဲ့ကြောင်းသိရပါ သည်။ လွန်ခဲ့သည့်နှစ် ပထမလေးလနှင့်နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏအားဖြင့် ၅၃.၇ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ၁၃၆.၆ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။ စပိန် ဈေးကွက်သို့တင်ပို့သည့် ဗီယက်နမ်ကော်ဖီ၏ ပျမ်းမျှဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ၃၄၈၇ရှိကြောင်းသိရပါသည်။ ပြည်တွင်းဈေးကွက်တွင် Robvsta ကော်ဖီဈေးနှုန်းမှာ မြင့်တက်လာကြောင်းသိရပါသည်။ သို့သော် ကောင်းမွန်သည့် ရာသီဥတုအခြေအနေရရှိမှုကြောင့် ထုတ်လုပ်နိုင်စွမ်းမြင့်နေခြင်းနှင့် ငွေလဲလှယ်နှုန်းမတည်ငြိမ်မှုကြောင့် ကော်ဖီဈေးနှုန်းများ ပြန်လည်ကျဆင်းရေးကို ထိန်းချုပ်ရန်ခက်ခဲနေကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)