![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/5.5_4.jpg?itok=Xd2YtNcJ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် မိသားစုစားဝတ်နေရေးအတွက် ရာသီအလိုက်သီးနှံစိုက်ပျိုးခြင်းလုပ်ငန်း လုပ်ကိုင်ကြရာ ဂန္ဓမာပန်းကိုလည်း စိုက်ပျိုး ရောင်းချကြပါသည်။ ဂန္ဓမာပန်းကို မိမိတို့ ကုန်ကွက်များနှင့် အိမ်ခြံဝင်းများအတွင်းတွင် မြေပြန့်စိုက်ပျိုးခြင်းနှင့် မြေဘောင်တင် စိုက်ပျိုးခြင်း နှစ်မျိုးကို စိုက်ပျိုးကြပါသည်။ ဂန္ဓမာပန်းအမျိုးအစားများအနက် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး ဒဏ်ခံနိုင်သည့် ဂန္ဓမာပန်းမျိုးကိုသာ မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ဂန္ဓမာပန်းများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များမှ စိုက်ပျိုးကာ ကန့်ဘလူ မြို့မစည်ပင်သာယာ ဈေးသို့ လာရောက် ရောင်းချကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ယခု မေလနောက်ဆုံးပတ်နှင့် ဇွန်လပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ဂန္တမာပန်းဈေးနှုန်းမှာ တောင်ကြီးဂန္ဓမာ စံပါယ်ဖြူအပွင့်ကြီးမျိုး (၇)ကိုင်းပါ တစ်စည်းလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓမာပန်းစံပါယ်ဖြူအပွင့်သေးမျိုး(၅)ကိုင်းပါ တစ်စည်းလျှင်(၈၀၀)ကျပ် နှစ်စည်းလျှင်(၁၅၀၀)ကျပ် ဈေးနှုန်း စသည်ဖြင့် ရောင်းချလျက်ရှိကြောင်း ကန့်ဘလူမြို့မစည်ပင်သာယာဈေးတွင် ပန်းမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)