ကန့်ဘလူမြို့တွင် ပေါ်ဦးပေါ်ဖျား ရာသီစာမျှစ်များရောင်းချခြင်းဖြင့် ဈေးကောင်းရရှိ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ဒေသထွက် ရာသီစာမျှစ်များကို စတင်ရောင်းချနေပီဖြစ်၍ လက်လုပ်လက်စား အလုပ်သမားများ မိသားစု စားဝတ်နေရေးအတွက် မျှစ်ချိုးခြင်း လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

    မျှစ်ဟာဆိုရင် ဆေးဘက်ဝင်သော အစားအစာတစ်ခုဖြစ်ပြီး မျှစ်မှာ ပရိုတင်းဓါတ်ကြွယ်ဝသလို ကယ်လိုရီပါဝင်မှု ၊ သကြားဓါတ်ပါဝင်မှု ၊ အဆီဓါတ်ပါဝင်မှုနည်းပါပြီး၊ အမျှင်ဓါတ်ပါဝင်သလို ဗီတာမင် A ၊ ဗီတာမင် B ၊ ဗီတာမင် E  အပြင် ပိုတက်ဆီယမ်၊ ဆိုဒီယမ် ၊ ဇင့်၊ သံဓါတ်တို့ပါဝင်နေကြောင်းနှင့် ကိုယ်အလေးချိန်ကျစေနိုင်တာ၊ နှလုံးကျန်းမာစေနိုင်ခြင်း၊ သွေတွင်းကိုလက်စထရောတွေကို ထိန်းညှိပေး နိုင်ခြင်း၊ ကင်ဆာရောဂါကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံအားကောင်းစေခြင်း၊ ဝမ်းမှန်ခြင်းနှင့် အသက်ရှူ လမ်းကြောင်းကို ကျန်းမာစေတဲ့ ကျန်းမာရေးအကျိုးအာနိသင်များ ရရှိနိုင်ပြီး  လူသားတိုင်းသည် မျှစ်ကို အရမ်းကြိုက်နှစ်သက်ကြပြီး မျှစ်ပေါ်တဲ့ရာသီမှာဆို မပါမဖြစ်တဲ့ အရန်ဟင်းတစ်မျိုးအဖြစ် မျှစ်ကိုချက်၍သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ ဆန်လှော်နှင့် ဟင်းခါးချက်၍ သော်လည်းကောင်း၊ ငပိရည်နှင့်တို့၍သော်လည်းကောင်း နေ့စဉ် စားသုံးကြသည်ကိုတွေ့ရပါသည်။

     မျှစ်များကို မိုးရွာသွန်းပြီးနောက်ပိုင်း ဈေးကွက်အတွင်းသို့ စတင်ရောက်ရှိလာပြီး အရမ်းနုအိပြီး စားလို့အကောင်းဆုံးအချိန်ဖြစ်၍ မျှစ်များကို မိမိတို့ ကန့်ဘလူမြို့နယ် တစ်ဝိုက်ရှိ တောတိုက်များမှ ဇွန်လပထမအပတ်တွင် မျှစ်တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ် ဈေးနှုန်းဖြင့် လာရောက်ရောင်းချလျက်ရှိပါကြောင်း၊  ယခင်နှစ်မှ မျှစ်များကို မျှစ်ချိုအဖြစ် ဆားသိပ်ထားသော လက်ကျန်မျှစ် ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက် ရှိပါကြောင်းနှင့် လှိုင်လှိုင်ထွက်ရှိလာလျှင် ဈေးအနည်းငယ်ကျဆင်သွားမည်ဖြစ်ကြောင်း  မြို့မစည်ပင်သာယာဈေး မျှစ်ရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)