ဇွန်လ ပထမပတ် မုံရွာမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal

     မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

     မုံရွာမြိုတွင် စက်သုံးဆီဆိုင် (၂၈) ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး မေလ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာ လျှင် (၂၇၃၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၈၃၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၄၀) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၈၅) ကျပ်ဖြင့် ရောင်းချရှိကြောင်း သိရသည်။

    ယခု ဇွန် ပထမပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၆၇၀) ကျပ်၊ ဓါတ်ဆီ (95) တစ်လီတာလျှင် (၂၇၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၄၃၅) ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၈၀) ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်မေလ တတိယပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာ လျှင် (၆၀) ကျပ်  ၊ ဓါတ်ဆီ(95) တစ်လီတာ လျှင် (၇၀)ကျပ် ၊ ဒီဇယ် (ရိုးရိုး) တစ်လီတာလျှင် (၅) ကျပ် ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၅)ကျပ် ဈေးနှုန်းကျလျက်ရှိကြောင်း  စက်သုံးဆီဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)