ပြည်ကြက်သွန်နီအဝင်နည်း၍ ဈေးမြင့်

Powered by Drupal

      ယခုမေလကုန်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီဝင်ရောက်မှုနည်းပါးလျက်ရှိပြီး (၃)ရက်ခြားတစ်ကြိမ်သာအဝင်ရှိကာ ပိဿာချိန် (၈၀၀၀)ခန့် အောင်လံ၊ မကွေးတို့ဘက်မှ အဝင်ရှိနေသည်။ အဝင်နည်းသည့်အတွက် ယခင်အပတ်ထက် ဈေးအနည်းငယ်မြင့်တက်သွားပြီး အရောင်းအဝယ်မှာ ပုံမှန်အိတ်ဆွဲဝယ်လက်သမားများနှင့်သာ ရောင်းဝယ်မှုရှိနေသည်။ ယခုမေလကုန်တွင် ပြည်ဈေးကွက်၌ REMAL မုန်တိုင်းကြောင့် မိုးနှင့်အတူ အ‌ရောင်းအဝယ်အေးလျက်ရှိနေသည်။ ဈေးနှုန်းအနေဖြင့် ပွဲရုံလက်ကားဈေး (ကြီး/လတ်/သေး) တစ်ပိဿာလျှင် ကျပ် (၂၂၀၀-၂၃၀၀-၂၄၀၀-၂၅၀၀)ဈေးနှုန်းတို့ရှိပြီး မြို့ပေါ်လက်လီဈေးများတွင် (၂၇၀၀-၂၈၀၀-၂၉၀၀-၃၀၀၀)ကျပ်ဈေးနှုန်းတို့ရှိသည့်အတွက် ယခင်အပတ်ထက် ပျမ်းမျှအားဖြင့် ကျပ် (၃၀၀)ခန့် ဈေးနှုန်းမြင့်တက်သွားကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)