ပြည်စပါး/ဆန်ဈေးကွက် ဈေးငြိမ်နေသော်လည်း တင်ပို့မှုရောင်းချမှုရှိ

Powered by Drupal

       ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ မေလကုန်တွင် စပါး/ဆန်ဈေးများ‌ငြိမ်နေပြီး (၄၆)ပေါင်ပါ တင်း (၁၀၀)လျှင် ၂၀၃၀၀၀၀ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် (၇၆၀၀၀-၈၀၀၀၀) ကျပ်ဖြင့် ဧပြီလမှစ၍ ယခုမေလ ဒုတိယပတ်အထိ ဈေးငြိမ်နေပါသည်။ ဧရာဝတီ၊ ပုသိမ်ဘက်မှဝယ်ယူရောင်းချသော ပေါ်ဆန်းဆန်ဈေးနှုန်းများမှာ ၁၆၀၀၀၀ကျပ်မှ ၁၇၂၀၀၀ကျပ်ထိဖြစ်၍ တစ်အိတ်လျှင် ၅၀၀၀ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ပြီး ပုသိမ်ရိုးနီတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ ဒေသတွင်းစားသုံးဆန်များဖြစ်သော မှော်ဘီဆန်တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ လုံးသွယ်မွှေးတစ်အိတ်လျှင် ၉၀၀၀၀ကျပ်၊ ဧရာမင်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ အခြားတိုင်းများမှ ဝယ်ယူရောင်းချသော နွေစပါး (၄၆)ပေါင်ပါ တင်း(၁၀၀)လျှင် ၁၆သိန်းကျပ်ရှိပြီး၊ နွေဆန်တစ်အိတ်လျှင် (၆၀၀၀၀-၆၂၀၀၀) ကျပ်ဈေးနှုန်းရှိပါသည်။ ဆန်ကုန်သည်များအနေဖြင့် အရောင်းအဝယ်အေးသည့်အတွက် ရိုးရိုးဧည့်မထဆန်ဈေးနှုန်းများမှာ မြင့်တက်ခြင်းမရှိဘဲ ပုသိမ်ပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်းဆန်ဈေးနှုန်းများသာ အနည်းငယ်မြင့်တက်ခြင်းရှိကြောင်းသိရပါသည်။ ဆန်ဈေးများငြိမ်နေသော်လည်း ပြည်ခရိုင်မှ ရန်ကုန်သို့ အိတ်၁၄၀၀တင်ပို့ရောင်းချပြီး မကွေးတိုင်းသို့လည်း အပတ်စဉ် အိတ်၁၄၀၀ခန့်တင်ပို့ရောင်းချမှုရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)