၂၀၂၄ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီး ဌာနအပါအဝင် မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များဖြစ်သော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ပါသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြိတ်ခရိုင်အတွင်း အစားအသောက်နှင့်ဆေးဝါးများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ရန်၊ ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် သိုလှောင်ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းလုပ်ငန်းများအား ကြီးကြပ်ကွပ်ကဲရန်နှင့် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များအား ကော်မတီပါ ဌာနဆိုင်ရာများပူးပေါင်း၍ ကော်မတီမှ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)