
၂၀၂၄ ခုနှစ်၊ မေလ၊ ၂၅ ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ကျင်းပပြုလုပ်သော စားသုံးဆီဖြန့်ဖြူးခြင်းရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်အတူ ဒု-ခရိုင်ဦးစီးမှူးတို့ မအူပင်ဆီလုပ်ငန်းရှင်တို့ online virtual ဖြင့် တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးပြည်နယ်များအနေဖြင့် စားသုံးဆီမူဝါဒအသစ်ဖြင့် တင်သွင်းသိုလှောင်ဖြန့်ဖြူးခွဲဝေပေးမည့် ကုမ္ပဏီများစာရင်း၊ စားသုံးဆီ များမှန်ကန်စွာ ရောက်ရှိစေရေး၊ အချိန်တွယ်အလေးချိန်မှန်ကန်စေရေး၊ ဘေးအန္တရာယ်ကင်းသောကုန်စည်ကို ပြည်သူ လက်ဝယ်ဈေးနှုန်းသက်သာစွာဖြင့် မြန်ဆန်စွာရောက်ရှိ၍ စနစ်တကျဖြင့် လွပ်လပ်စွာဝယ်ယူ အသုံးနိုင်ရေးကို အလေးထားဆောင်ရွက်သွားရန် ရုံးချုပ်နေပြည်တော်မှ ညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများက မိမိတို့ရရှိသည့် ခွဲတမ်းအလိုက် ကုမ္ပဏီများနှင့် ထပ်ဆင့်အစီအစဉ်များကို တစ်ဦးချင်းဆွေးနွေးခဲ့ကာ အစည်းအဝေးကို နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)