ပြည်ကုန်စည်ဒိုင်၏ မေလ တတိယပတ်နှင့် စတုတ္ထပတ်နှိုင်းယှဉ်သော ပဲဈေးနှုန်း

Powered by Drupal

        ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲစင်းငုံဈေးမှာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

       မေလ တတိယပတ်တွင် မတ်ပဲတစ်တင်းကို ၁၀၄၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင်အိတ် (၂၀၀/၅၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် မတ်ပဲဈေးနှုန်းမြင့်တက်လာပြီး ပဲတစ်တင်းကို ၁၀၇၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၅၀ခန့်အဝယ်ရှိပါသည်။ မေလ တတိယပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၃၈၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၃၀၀ခန့်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲစင်းငုံတစ်တင်းကို ၁၃၉၀၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ်၂၅၀ခန့်အဝယ်ရှိခဲ့ပါသည်။

       မေလ တတိယပတ်တွင် ပြည်ကုန်စည်ဒိုင်၏ ကုလားပဲ(HL) တစ်တင်းကို (၈၄၀၀၀-၈၅၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၈၇၀၀၀-၈၈၀၀၀) ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ် တစ်ရက်လျှင် အိတ်၃၀၀ခန့်အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ (HL) တစ်တင်းကို (၈၄၀၀၀-၈၅၀၀၀) ကျပ်၊ မြကြေးမှုံတစ်တင်းကို (၈၈၀၀၀-၈၉၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၂၅၀ခန့်ရှိခဲ့ပါသည်။

         ပြည်ကုန်စည်ဒိုင်၏ မေလ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ)တစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်လျှင် အိတ်၂၅၀ခန့်အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၂၀၀ခန့်အဝယ်ရှိခဲ့ပါသည်။

          မေလ ပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၉၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ် (၂၅/၃၀) ခန့်အဝယ်ရှိခဲ့ပါသည်။ စတုတ္တပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၀၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်လျှင် အိတ်၂၅ခန့်ရှိပါသည်။

         မေလ တတိယပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၆၈၀၀၀-၆၉၀၀၀) ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၅၀/၁၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်လျှင် အိတ် (၅၀/၁၀၀) ခန့်အဝယ်ရှိခဲ့ပါသည်။

         ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲစင်းငုံမှာ အရောင်းအဝယ်သွက်ပြီး ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများမှာ အဝယ်ပုံမှန်သာရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)